DVB Logo
Home
မြန်မာသတင်း
လုပ်ခတိုးပေးရေးတောင်းဆိုသည့် Myanmar Chaofa စက်ရုံလုပ်သားများနှင့် အလုပ်ရှင် သဘောတူညီမှုရ
DVB
·
June 25, 2026
Photo: STUM
Photo: STUM
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က Myanmar Chaofa Leatherware အိတ်ချုပ်တဲ့ စက်ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား ဇွန် ၂၄ ရက်မှာ နှစ်ဖက် သဘောတူညီမှုရခဲ့တယ်လို့ အလုပ်သမားတွေနဲ့ စောင့်ကြည့်ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၄၀၀ နီးပါးနဲ့ လည်ပတ်နေတာဖြစ်ပြီး လုပ်ခတိုးမြှင့်ပေးဖို့အတွက် အလုပ်သမား ၃၀၀ နီးပါးက တောင်းဆိုနေကြတာမှာ တပတ်အကြာမှာတော့ နှစ်ဖက် ညှိနှိုင်းကာ ပြေလည်မှုရခဲ့တာလို့ ဆိုပါတယ်။

Myanmar Chaofa Leatherware စက်ရုံလုပ်သားတယောက်က “တောင်းဆိုတာ အပြည့်အဝတော့ မရဘူး။ လုံးဝမရတာထက်စာရင်တော့ ခံစားခွင့်တွေ တိုးတော့တိုးသွားတယ် ပြောရမှာ။ နောက်ရက် အလုပ်ပြန်ဝင်ခိုင်းတယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေက DAY ကြေးကို စက်မြင့်/စက်နိမ့်မခွဲဘဲ ကျပ် ၁၂,၀၀၀ ပေးဖို့နဲ့ အချိန်ပိုကြေးကို ကျပ် ၂၀,၀၀၀ အစား ကျပ် ၃၀,၀၀၀ ၊ ရက်မှန်ကြေး ကျပ် ၃၀,၀၀၀ အစား ၅၀,၀၀၀ တိုးပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ အလုပ်ဖွင့်ရက်မှာ စက်မြင့်/စက်နိမ့်မခွဲဘဲ Day ကြေး ကျပ် ၁၁,၅၀၀၊ ပိတ်ရက်မှာ စက်မြင့်သမားကို ကျပ် ၁၀,၇၀၀ ၊ စက်နိမ့်သမားကို ကျပ် ၁၀,၅၀၀ ပေးဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အချိန်ပိုကြေးကို မူလအတိုင်းထားပြီး ရက်မှန်ကြေးကို လက်ရှိ ကျပ် ၃၀,၀၀၀ အစား ၄၀,၀၀၀ တိုးပေးဖို့နဲ့ အစိုးရက Day ကြေး၊ ထောက်ပံ့ကြေး အခုထက်ပိုပြီး သတ်မှတ်လာရင် လိုက်တိုးပေးဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စုဝေးတောင်းဆိုခဲ့ကြတဲ့ ၇ ရက်တာအတွက် လုပ်ခလစာကို ပေးမှာမဟုတ်ဘူးဆိုတာကို အလုပ်သမားတွေဘက်က သိရှိလက်ခံကြောင်းနဲ့ ပြေလည်မှုရတဲ့နေ့ကစပြီး တနှစ်အတွင်း အလားတူ တောင်းဆိုတာမျိုး မလုပ်ဖို့ နှစ်ဖက်ကိုယ်စားပြုသူတွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

စက်ရုံဘက်က အစပိုင်းမှာ Day ကြေးကို ကျပ် ၃၀၀ နဲ့ ရက်မှန်ကြေးကို ကျပ် ၁,၀၀၀ ပဲ တိုးပေးမယ်ဆိုပြီး တင်းမာနေခဲ့တာကြောင့် ပြေလည်မှုမရဘဲ ရက်ကြာနေခဲ့ရတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013