
တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်၊ ဖိုရှန်မြို့က အထည်အလိပ်စက်ရုံမှာ စက်တင်ဘာ ၂၀ ရက်က မီးလောင်လို့ လူ ၈ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
ကွမ်ကျိုးမြို့ကနေ ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ ဖိုရှန်မြို့ရဲ့ ရွှန်းဒယ်ခရိုင်ဟာ အဓိက ကုန်ထုတ်လုပ်မှု ဗဟိုချက်တခုပါ။ ဒီနေရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားတဲ့ ကုမ္ပဏီတွေ၊ ဖက်စပ်လုပ်ငန်းတွေနဲ့ ပုဂ္ဂလိကပိုင် လုပ်ငန်းတွေ အများကြီး ရှိနေပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတုန်းပဲလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မဖော်ပြထားပေမဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတုန်းပဲလို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။











