DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာရှိ Bontech စက်ရုံတွင် လုပ်ခတိုးမြှင့်ရန် တောင်းဆို
DVB
·
June 25, 2026
Photo: STUM
Photo: STUM
Donate to DVB

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မူဇုန်မှာရှိတဲ့ Botech အထည်ချုပ်စက်ရုံမှ အလုပ်သမားတွေက လုပ်ခတိုးမြှင့်ပေးဖို့ စုပေါင်းတောင်းဆိုနေကြတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM)ဆီက သိရပါတယ်။

Botech အထည်ချုပ်စက်ရုံမှအလုပ်သမားတွေက တရက်လုပ်ခ (Day ကြေး) ကို ကျပ် ၁၅,၀၀၀ ၊ အချိန်ပိုကြေး ၁ နာရီ ကျပ် ၃,၀၀၀၊ ရက်မှန်ကြေး ကျပ်  ၆၀,၀၀၀၊ အပူခံကြေး ကျပ်  ၃၀,၀၀၀ ပေးဖို့ ဇွန် ၂၅ ရက်မှာ လုပ်ငန်းခွင်ထဲ စုပေါင်းတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Botech အထည်ချုပ်စက်ရုံမှာ မကြာခင်ကလည်း အလုပ်သမားသမဂ္ဂခေါင်းဆောင်ကို အလုပ်ထုတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။

ရန်ကုန်က စက်မူဇုန်တွေမှာ အခုရက်ပိုင်းထဲ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့စက်ရုံတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။

Botech အထည်ချုပ်စက်ရုံက လုပ်ခတိုးဖို့တောင်းဆိုတဲ့ ၃ ရုံမြောက်ဖြစ်ပြီး ဒီမတိုင်ခင် Myanmar Chaofa လယ်သာအိတ်ချုပ်စက်ရုံ၊ Chi Sheng အထည်ချုပ်စက်ရုံတွေမှာလည်း လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြတာ ရှိပါတယ်။

Myanmar Chaofa စက်ရုံက အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေကတော့  ဇွန် ၂၄ ရက်မှာ ပြေလည်မှု ရသွားခဲ့ပါတယ်။

Photo:  STUM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013