Home
မြန်မာသတင်း
အိန္ဒိယအစိုးရက UNHCR မှရရှိသည့် အချက်အလက်များဖြင့် မြန်မာ ၂၆၀ ကျော်ကို ဖမ်းဆီးဟု အရပ်ဖက်အဖွဲ့များ ထုတ်ပြန် 
DVB
·
July 4, 2025

အိန္ဒိယအစိုးရဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR India) ဆီက ရရှိတဲ့ အချက်အလက်တွေနဲ့ မြန်မာနိုင်ငံသား ၂၆၀ ကျော်ကို နိုင်ငံခြားသားဥပဒေနဲ့ ဖမ်းဆီးထားတယ်လို့ အရပ်ဘက်အဖွဲ့ ၁၄၁ ဖွဲ့က ဇူလိုင် ၄ ရက်က ထုတ်ပြန်ပါတယ်။

အဆိုးရွားဆုံးက လူပေါင်း ၁၃၄ ယောက်ကို ဖမ်းဆီးပြီး မြန်မာစစ်ကောင်စီထံကို ပြန်ပို့ခဲ့တာဖြစ်ပြီး ပြန်ပို့ခံရသူတွေထဲက ၃၄ ယောက်ဟာ စစ်ကောင်စီထံမှာ ဆက်လက်ဖမ်းဆီးခံထားရကာ ၁၂၅ ယောက်က နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းတွေမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့တွေက ဆိုပါတယ်။

UNHCR India ရုံးဟာ ဒုက္ခသည်တွေရဲ့ လျှို့ဝှက်ရမယ့် ကိုယ်ရေးအချက်အလက်တွေကို လုံလောက်တဲ့ အကာအကွယ်မရှိဘဲ အိန္ဒိယ အစိုးရဆီကို လွှဲပြောင်းပေးခဲ့ပြီး အဲဒီလုပ်ရပ်ဟာ ဒုက္ခသည်တွေရဲ့ အန္တရာယ်နဲ့ လုံခြုံရေးတွေကို ဆိုးရွားစွာ ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရက ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၂၆၁ ယောက်ထဲက အမျိုးသမီး ၆ ယောက်ဟာ အကျဉ်းထောင်တွင်းမှာ ကလေးမွေးခဲ့ရပြီး အမျိုးသား ၂ ယောက်က အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ပါတယ်။

၂၀၂၅ မေ ၆ ရက်မှာလည်း ရိုဟင်ဂျာဒုက္ခသည် အယောက် ၄၀ ကို အိန္ဒိယအစိုးရက နေအိမ်တွေထဲအထိ ဝင်ဖမ်းပြီး မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် UNHCR India ရုံးအနေနဲ့ ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို အကာအကွယ်မဲ့ လွှဲပြောင်းပေးတာတွေကို ရပ်တန်းကရပ်ဖို့နဲ့ ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့ UNHCR မဟာမင်းကြီးကို အရပ်ဘက်အဖွဲ့ ၁၄၁ ဖွဲ့က တောင်းဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024