DVB Logo
Home
မြန်မာသတင်း
သင်္ဃန်းကျွန်း၌ ပြန်ပေးဆွဲခံရသည့် မူလတန်းကျောင်းသား ပြန်မလွတ်သေး
DVB
·
July 4, 2025
သင်္ဃန်းကျွန်း၌ ပြန်ပေးဆွဲခံရသည့် မူလတန်းကျောင်းသား ပြန်မလွတ်သေး
Donate to DVB

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ထဲက စာသင်ကျောင်းတကျောင်းမှာ ပြန်ပေးဆွဲခံရတဲ့ မူလတန်းကျောင်းသားလေးတယောက် ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ နီးစပ်တဲ့ ပညာရေးဝန်ထမ်းတယောက်က  ပြောပါတယ်။

ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားက သင်္ဃန်းကျွန်းမြို့နယ်က Grade -1 မူလတန်းကျောင်းသား ဖြစ်ပြီး ကျောင်းဆင်းချိန်မှာ အမည်မသိ လူတယောက်က  ပြန်ပေးဆွဲခဲ့တာဖြစ်ကာ ဖမ်းဆီးပြီးနောက် ကျောင်းသားကို ကျပ် သိန်း ၃၀၀ နဲ့ ပြန်ရွေးခိုင်းတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ခရိုင်အဆင့် အစည်းအဝေးခေါ်ယူခဲ့ပြီး  အခုထိ ပြန်မရွေးနိုင်သေးကာ တခြားကျောင်းတွေအနေနဲ့လည်း ကလေးတွေကို ဂရုစိုက်ဖို့နဲ့ မိဘတွေ လက်ထဲ သေသေချာချာအပ်ဖို့ ခရိုင်အစည်းဝေးမှာ ပြောကြားထားတယ်လို့ အစည်းဝေးတက်ရောက်ခဲ့တဲ့ မူလတန်း ကျောင်းအုပ် ဆရာမကြီးတယောက်က  ပြောပါတယ်။

ကလေးတွေကို ဂရုစိုက်ပေးနေရပြီး ကျောင်းကိုလည်း သေသေချာချာပို့ပေမဲ့ ဆရာမ အင်အားနည်းတော့ စိတ်မချမှုတွေရှိနေတယ်လို့ ကျောင်းသား မိဘတယောက်က  ပြောပါတယ်။ 

ဇွန် ၁၀ ရက်ကလည်း တိုက်ကြီးမြို့နယ်ထဲမှာ အသက် ၁ နှစ်ခွဲအရွယ်ကလေးငယ်ကို ခိုးယူထွက်ပြေးခဲ့တာရှိသလို မေလပိုင်းတုန်းကလည်း ​​ရွှေပြည်သာက ကလေးတယောက်ကို ဖမ်းဆီးပြီး မိဘတွေကို ကျပ် သိန်း ၁၀၀ နဲ့ ပြန်လာရွေးခိုင်းခဲ့ပေမဲ့ အချိန် အနည်းငယ် ကြာသွားလို့  ကလေးကိုသတ်လိုက်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ် ၂ ခုလုံးမှာတော့ ကျူးလွန်ခဲ့တဲ့သူတွေကို ဖမ်းဆီးရမိထားပြီး အခုဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်းကိုတော့ ပညာရေးဝန်ထမ်းတွေက ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013