DVB Logo
Home
နိုင်ငံတကာ
ဂါဇာ လူသားချင်းစာနာမှုဖောင်ဒေးရှင်း အဆုံးသတ်ရန် NGO အဖွဲ့ ၁၇၀ ကျော် တောင်းဆို
DVB
·
July 4, 2025
ဂါဇာ လူသားချင်းစာနာမှုဖောင်ဒေးရှင်း အဆုံးသတ်ရန် NGO အဖွဲ့ ၁၇၀ ကျော် တောင်းဆို
Donate to DVB

အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းပေါင်း ၁၇၀ ကျော်ဟာ ဂါဇာ လူသားချင်းစာနာမှုဖောင်ဒေးရှင်း (GHF) လို့ ခေါ်တဲ့ လူအသေအပျောက်များခဲ့တဲ့ အစ္စရေး-အမေရိကန် စစ်တပ်ဦးစီးပြီး အကူအညီ ဖြန့်ဖြူးရေး အစီအစဉ်ကို အဆုံးသတ်ရေး ချက်ချင်းဆောင်ရွက်ပေးဖို့ ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အကူအညီတွေ ပေးအပ်တယ်လို့ အသွင်ဆောင်ထားမှုအောက်မှာ ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်းဟာ ပရမ်းပတာဖြစ်မှုနဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ပွားစေပြီး သီတင်း ၄ ပတ် မပြည့်ခင်မှာ အပြစ်မဲ့ ပါလက်စတိုင်း ၅၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ပူးတွဲကြေညာချက်ထဲမှာ ပြောထားပါတယ်။

အစ္စရေးက အတည်ပြုထားတဲ့ အစီအစဉ်ကို ရှိထားပြီးသား ကုလသမဂ္ဂ ဦးဆောင်တဲ့ ညှိနှိုင်းလုပ်ဆောင်ရေး ယန္တရားကို ပြန်ပြောင်းပေးဖို့နဲ့ အကူအညီနဲ့ ကုန်သွယ်မှုဆိုင်ရာ ထောက်ပံ့မှုတွေအပေါ် အစ္စရေးအစိုးရရဲ့ ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးဖို့တွေကို NGO တွေက ကြေညာချက်မှာ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာပါ။

ဂါဇာမှာ ယာယီအပစ်ရပ် ကာလအတွင်း လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ ဦးဆောင်တဲ့ အကူအညီ ဖြန့်ဖြူးရေးနေရာ ၄၀၀ ကို စစ်တပ်က ထိန်းချုပ်ထားတဲ့ အမေရိကန် ဖြန့်ဖြူးရေးဆိုက် ၄ ခုနဲ့ အစားထိုးခဲ့တာကြောင့် လူပေါင်း ၂ သန်းလောက်ဟာ လူတွေပြည့်ကျပ်နေတဲ့ စစ်တပ်နယ်မြေထဲကို မဖြစ်မနေ သွားရောက်ခဲ့ရကြောင်း၊ အဲဒီမှာ သူတို့ဟာ အစားအသောက်ရဖို့ ကြိုးပမ်းနေရရင်း တခြားအသက်ကယ်ပစ္စည်းတွေကိုလည်း ငြင်းပယ်ခံရကြောင်းနဲ့ နေ့စဉ်နဲ့အမျှ သေနတ်ပစ်ခတ်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သေဆုံးရမှုတွေကို ကြုံတွေ့နေရတယ်လို့ NGO တွေက ပြောပါတယ်။

ကုလသမဂ္ဂနဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်းတွေဟာ GHF နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုထားပြီး GHF ဟာ အစ္စရေးစစ်တပ်ရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို ဆန့်ကျင်တယ်လို့ ယူဆထားပါတယ်။

ဂါဇာကမ်းမြောင်မှာ တပ်စွဲထားတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အကူအညီဖြန့်ဖြူးရေး နေရာတွေမှာ စုဝေးနေတဲ့ ပါလက်စတိုင်း အရပ်သားတွေကို တမင်တကာ ပစ်ခတ်ခဲ့လို့ အသေအပျောက် များခဲ့တယ် ဆိုတာကို မကြာခင်က အစ္စရေးစစ်သားတွေက မီဒီယာကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့ကပဲ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ GHF ဖြန့်ဖြူးရေးနေရာတွေမှာ ပါလက်စတိုင်း အရပ်သားတွေကို ထိခိုက်နာကျင်အောင် လုပ်ခဲ့ကြောင်းကို ဝန်ခံခဲ့ပြီး စစ်တပ်ဟာ ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဂါဇာ လူသားချင်းစာနာမှုဖောင်ဒေးရှင်း (GHF) စတင်လုပ်ဆောင်ကတည်းက အကူအညီဖြန့်ဖြူးရေး နေရာတွေအနီးမှာ ဂါဇာဒေသခံ ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013