DVB Logo
Home
နိုင်ငံတကာ
အမေရိကန်-ဖိလစ်ပိုင် ပူးပေါင်းဆောင်ရွက်မှုက အခြားနိုင်ငံကို ပစ်မှတ်မထားသင့်ဟု တရုတ်ပြော
DVB
·
August 19, 2026
Photo: CCTV
Photo: CCTV
Donate to DVB

အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား ပုံမှန်ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံက မဆန့်ကျင်ပေမဲ့ ပူးပေါင်းဆောင်ရွက်မှုက တခြားတတိယနိုင်ငံတခုရဲ့ အကျိုးစီးပွားကို ထိခိုက်တာ မဖြစ်သင့်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဩဂုတ် ၁၈ ရက်မှာ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံရှိ အမေရိကန်သံရုံးက ဖိလစ်ပိုင်တံငါသည်တွေ တရားမဝင် ငါးဖမ်းမှုအတွက် သံသယဖြစ်စရာရှိရင် သတင်းပို့ဖို့ ပါလာဝမ်ဒေသမှာ ဌာနတခု ဖွင့်ခဲ့တယ်လို့ အရင်ရက်က ကြေညာခဲ့တဲ့အပေါ် မီဒီယာတွေရဲ့ မေးမြန်းချက်ကို တုံ့ပြန်တဲ့အနေနဲ့ ပေကျင်းမြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လင်ကျန်းက မှတ်ချက်ပြုခဲ့တာပါ။

လင်ကျန်းက “ကျနော်တို့ဟာ သက်ဆိုင်ရာ အစီရင်ခံစာတွေကို မှတ်သားထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်သွားမယ်။ ဒေသတွင်း နိုင်ငံတွေကြား အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှုကို မြှင့်တင်ဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို မြှင့်တင်ဖို့ အထောက်အကူဖြစ်စေသင့်တယ်လို့ တရုတ်နိုင်ငံက အဆက်မပြတ် ယုံကြည်ထားတယ်” လို့ ပြောပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား ပုံမှန်ပူးပေါင်းဆောင်ရွက်မှုကို မဆန့်ကျင်ပေမဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်တတိယပါတီကိုမှ ပစ်မှတ်ထားခြင်း ဒါမှမဟုတ် ဘယ်တတိယပါတီရဲ့ အကျိုးစီးပွားကိုမှ ထိခိုက်စေခြင်း မရှိသင့်ဘူးလို့လည်း လင်ကျန်းက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013