
စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အင်းလေးဒေသက လူနေအိမ်တွေကို ပြန်လည်တည်ဆောက်နေရာမှာ သစ်သားအိမ်တွေကို ပြုပြင်ဖို့ ခက်ခဲနေသေးတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးတာနဲ့ အနည်းငယ်ထိခိုက်တဲ့ ရွာပေါင်း ၃၀ နီးပါး ရှိခဲ့တာပါ။
ငလျင်ကြောင့် ပျက်စီးသွားတဲ့ ကျေးရွာတွေက လူနေအိမ်တွေကို ပြန်လည်တည်ဆောက်နေရာမှာ ဝါးအိမ်အများစုကို ဆောက်လုပ်ပြီးစီးပြီဖြစ်ပေမဲ့ ကုန်ကျစရိတ်မြင့်တဲ့ သစ်သားအိမ်တွေကတော့ ပြုပြင်ဖို့ ခက်ခဲနေသေးတယ်လို့ ကူညီနေသူတွေက ဆိုပါတယ်။
အင်းလေးဒေသဟာ ဟိုတည်နဲ့ ခရီးသွားရေးလုပ်ငန်း၊ ရိုးရာအဝတ်အထည်လုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကို အဓိထားပြီး အသက်မွေးဝမ်းကျောင်း ပြုကြတာ ဖြစ်ပါတယ်။
လက်ရှိ အင်းလေးဒေသကို လာရောက်လည်ပတ်သူ နည်းပါးနေတာကြောင့် ငလျင်ဒဏ်သင့် မိသားစုတွေမှာ လူမှုဘဝရပ်တည်ဖို့အတွက် အလုပ်အကိုင်၊ အခွင့်အလမ်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ အင်းလေးကန်အတွင်းမှာ ရေ ၄ ပေလောက် မြင့်တက်နေပြီး ရေပြန်ကျတာကတော့ တနေ့ကို တလက်မလောက်သာ ပြန်ကျတာကြောင့် မိုးထပ်ရွာပြီး ရေတက်လာမှာကို စိုးရိမ်နေကြပါတယ်။
ဖယ်ခုံနဲ့ ညောင်ရွှေမြို့နယ်အစပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အင်းလေးဒေသမှာ စစ်ဘေးရှောင်ဦးရေ ၃,၀၀၀ ဝန်းကျင် ရှိနေပြီး အလုပ်အကိုင်နဲ့ အကူအညီ လိုအပ်နေပါတယ်။