DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့မရဲစခန်းဘေးရှိ ဆိုင်ခန်းများကို ချိပ်ပိတ်ပြီး အဓမ္မဖယ်ရှားခိုင်း
DVB
·
July 3, 2025
ပုသိမ်မြို့မရဲစခန်းဘေးရှိ ဆိုင်ခန်းများကို ချိပ်ပိတ်ပြီး အဓမ္မဖယ်ရှားခိုင်း
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် မြို့မရဲစခန်းဘေးမှာရှိတဲ့ ဈေးဆိုင်ခန်းတွေကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ချိပ်ပိတ်သွားပြီး အတင်းအဓမ္မ ဖယ်ရှားခိုင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဇွန် ၃၀ ရက်ကစတင်ပြီး ပုသိမ်မြို့ မဟာဗန္ဓုလလမ်းမကြီး အမှတ် ၃ ရပ်ကွက် မြို့မ ရဲစခန်းဘေးမှာရှိတဲ့ ဈေးဆိုင်ခန်း ၁၁ ခန်းကို ချိပ်ပိတ်လိုက်ပြီး အဓမ္မ ဖယ်ရှားခိုင်းတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဒီနေ့အထိ ဆိုင်ခန်းတွေတော့ မဖျက်ရသေးဘူး။ အရင်ဆုံး တပ်နဲ့ ရဲက လာပြီးချိပ်ပိတ်သွားတာ။ ကိုယ့်အစီစဉ်နဲ့ကိုယ် ဖျက်ပေးမလား၊ သူတို့ ဘူဒိုဇာနဲ့ ဖျက်ရမလားလို့ တပ်နဲ့ရဲ ကမေးတာ” လို့ ပြောပါတယ်။

ချိပ်ပိတ်ခံရပြီး ဖယ်ရှားခိုင်းနေတဲ့ ဈေးဆိုင်ခန်းတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်လောက်ကတည်းက ဖွင့်လှစ်ရောင်းချနေတဲ့ လူသုံးကုန်နဲ့ ဖုန်းအရောင်းဆိုင်ခန်းတွေဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်နဲ့ ရဲက ချိပ်ပိတ်ထားပြီး အတင်းအဓမ္မဖယ်ရှားခိုင်းနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ နဲ့ နီးစပ်သူက “ဆိုင်ခန်းတွေကတော့ အစုံပေါ့ဗျ၊ လာပြီးတော့လည်း ချိပ် ပိတ်ထားတယ်။ အကြောင်းကြားစာနဲ့လည်း ဖယ်ရှားခိုင်းထားတယ်။ နားလည်တာကတော့ အရပ်သားပိုင်နေရာပဲ။ အခုမှ ဘာဖြစ်လဲတော့မသိဘူး။ စစ်ကောင်စီက ၁၉၅၅ ခုနှစ် အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ ၃ နဲ့ကို စာပို့အကြောင်းကြားဖယ်ရှားနေတာ။ လုံးဝဖယ်ရှား ပေးရမယ့်အခြေအနေပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲက ဖယ်ရှားခိုင်းနေတဲ့ ဈေးဆိုင်ခန်း နေရာတွေဟာ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ မြို့မရဲစခန်းနဲ့ အလွန်နီးကပ်တာကြောင့် ဈေးဆိုင်ခန်းတွေကို အကာကွယ်ယူ တိုက်ခိုက်လာမှာ စိုးရိမ်ပြီး အခုလိုလုပ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဇွန်လ ဒုတိယ အပတ်ကလည်း ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းဘေးဘက်ရှိ ဈေးဆိုင်ခန်းတွေကိုလည်း ဖယ်ရှားရမယ်လို့ဆိုကာ စစ်ကောင်စီတပ်က အကြောင်းကြားထားတယ် လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013