DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် ဓာတုဗေဒစက်ရုံ ပေါက်ကွဲ မီးလောင်ပြီး လူ ၈ ဦးထက်မနည်း သေဆုံး
DVB
·
July 1, 2025
အိန္ဒိယတွင် ဓာတုဗေဒစက်ရုံ ပေါက်ကွဲ မီးလောင်ပြီး လူ ၈ ဦးထက်မနည်း သေဆုံး
Donate to DVB

အိန္ဒိယနိုင်ငံတောင်ပိုင်း တေလန်းဂါးနားပြည်နယ်က ဓာတုဗေဒစက်ရုံတခုမှာ ဇွန် ၃၀ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အလုပ်သမား ၈ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဆီဂါချီ စက်မှုလုပ်ငန်းများ ပုဂ္ဂလိက လီမိတက်မှာ ဓာတ်ပေါင်းဖို ပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ဆိုပါတယ်။

စက်ရုံရှိ အလုပ်သမားတွေရဲ့ မိသားစုတွေဟာ သူတို့ချစ်ခင်ရသူတွေအကြောင်း သတင်းမေးမြန်းရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဆေးရုံနဲ့ စက်ရုံအကြား သွားလာ ပူပန်နေကြပါတယ်။

မျက်မြင်သက်သေ အမည်မသိ စက်ရုံလုပ်သားတယောက်ကတော့ သူဟာ စက်ကို လည်ပတ် လုပ်ကိုင်နေတုန်း ရှပ်တာတံခါးပိတ်သံလိုလို ကြားလိုက်ရလို့ အပြင်ထွက်ခဲ့ကြောင်း၊ အဲဒီမှာ ပစ္စည်းအတင်အချလုပ်တဲ့စက်ရှိပြီး စာရွက်ထုပ်ကြီးလည်း ရှိကြောင်း၊ သူဟာ အဲဒီစက္ကူတွေနဲ့ တကိုယ်လုံးကို ထုပ်ပိုးလိုက်ပြီးတော့ အပြင်ကို ခုန်ချခဲ့ကြောင်း၊ အပြင်ကိုရောက်ချိန်မှာ မီးခိုးတွေလည်း ထွက်လာတာကို မြင်လိုက်ရပြီး ပေါက်ကွဲမှုလည်း ဖြစ်သွားကြောင်း ပြောပါတယ်။

စက်ရုံလုပ်သားတွေရဲ့ မိသားစုဝင်တွေထဲက တယောက်ကို သတင်းထောက်က မေးမြန်းနေရာမှာ သူ့ရဲ့ သား၊ သမက်၊ ခဲအိုနဲ့ မတ်ဖြစ်သူတို့ အကုန်လုံးက ဒီစက်ရုံတခုတည်းမှာ အလုပ်လုပ်နေတာဖြစ်ပြီး မနက်အဆိုင်းမှာ တာဝန်ကျကြကြောင်းနဲ့ သူတို့နဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းကြည့်တော့လည်း မသိရဘဲ မနက်မိုးလင်းချိန်မှာ ဆေးရုံ ၃ ရုံကို သွားကြည့်ပြီးပေမဲ့ ဘယ်ကိုရောက်နေကြမှန်း မသိရသေးဘူးလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ဘေးကင်းလုံခြုံရေးဆိုင်ရာ ပရိုတိုကောတွေကို ချိုးဖောက်ခြင်းတွေနဲ့ အစိုးရရဲ့ ကြီးကြပ်ကွပ်ကဲမှု မလုံလောက်ခြင်းတို့ကြောင့် စက်မှုဆိုင်ရာ မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013