DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယား၊ လက်ဘနွန်တို့နှင့် သံတမန်ဆက်ဆံရေး ထူထောင်ရန် အစ္စရေး စိတ်ဝင်စား
DVB
·
July 1, 2025
ဆီးရီးယား၊ လက်ဘနွန်တို့နှင့် သံတမန်ဆက်ဆံရေး ထူထောင်ရန် အစ္စရေး စိတ်ဝင်စား
Donate to DVB

အစ္စရေးဟာ ရန်သူဟောင်းတွေဖြစ်တဲ့ ဆီးရီးယား၊ လက်ဘနွန်တို့နဲ့ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ဖို့ စိတ်ဝင်စားနေပေမဲ့ ဘယ်ငြိမ်းချမ်းရေး သဘောတူညီချက်ထဲမှာမဆို ဂိုလန်ကုန်းမြင့်ရဲ့ ကံကြမ္မာကိုတော့ ညှိနှိုင်းမှာမဟုတ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆားက ဇွန် ၃၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဆားဟာ သြစတြီးယားနိုင်ငံရဲ့ ဥရောပနဲ့ နိုင်ငံတကာရေးရာဝန်ကြီး ဘီယားတဲ မိုင်နဲလ်ရိုက်ဆင်ဂါနဲ့ ဂျေရုဆလင်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပြီး  သြစတြီးယားဝန်ကြီး မိုင်နဲလ်ရိုက်ဆင်ဂါဟာ ဂါဇာကမ်းမြောင်ဒေသမှာ ဆိုးရွားလှတဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကြောင့် အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မိုင်နဲလ်ရိုက်ဆင်ဂါက သြစတြီးယားနိုင်ငံဟာ အကူအညီတွေအတွက် ရန်ပုံငွေတွေကို နိုင်ငံတကာ ကြက်ခြေနီအသင်းမှတဆင့် ပေးပို့သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) ဟာ ပျက်စီးနေတဲ့ ပါလက်စတိုင်းနယ်မြေအတွင်းမှာ အကူအညီတွေကို ဖြန့်ဝေပေးဖို့အတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တယောက် မဟုတ်ဘူးလို့ ယူဆထားပါတယ်။

အစ္စရေးနဲ့ ဆီးရီးယားရဲ့ အစ္စလာမ္မစ် အုပ်ချုပ်သူအသစ်တို့ဟာ တိုက်ရိုက် အဆက်အသွယ် ရှိကြပြီး တင်းမာမှုတွေ ပြေလျော့စေဖို့နဲ့ ရန်သူတော်တွေကြားမှာ နယ်စပ်ဒေသ ပဋိပက္ခတွေကို တားဆီးဖို့ ရည်ရွယ်ပြီး မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အစ္စရေးဟာ ၁၉၆၇ ခုနှစ်က ၆ ရက်တာ စစ်ပွဲမှာ ဆီးရီးယားက နယ်မြေအများစုကို သိမ်းပိုက်ခဲ့ပြီးနောက် ၁၉၈၁ ခုနှစ်မှာတော့ ဂိုလန်ကုန်းမြင့်ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ဂါဇာစစ်ပွဲနဲ့အပြိုင် ၂၀၂၃ ခုနှစ် နှောင်းပိုင်းကစပြီး အစ္စရေးနဲ့ လက်ဘနွန်တို့အကြား တိုက်ပွဲတွေ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့မှုနဲ့ ၂၀၂၄ ဒီဇင်ဘာမှာ ဆီးရီးယားသမ္မတဟောင်း ဘာရှားအယ်လ် အာဆဒ် အစိုးရ ပြုတ်ကျမှုတွေကြောင့် ဒေသတွင်း ဆက်ဆံရေးဟာ မသေချာမရေရာ ဖြစ်ခဲ့ပါတယ်။

ဆီးရီးယားသမ္မတ အာဆတ် ပြုတ်ကျပြီး မကြာခင်မှာပဲ အစ္စရေးတပ်တွေဟာ ဒမတ်စကပ်စ်ကို အပေါ်စီးကမြင်ရတဲ့ မဟာဗျူဟာမြောက် ဟာမွန်တောင်ရဲ့ ဆီးရီးယားဘက်ခြမ်း အပါအဝင် ဆီးရီးယားနိုင်ငံအတွင်းရှိ စစ်မဲ့ဇုန်ထဲကို ဝင်ရောက်ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013