DVB Logo
Home
မြန်မာသတင်း
What happened to the wolf? ရုပ်ရှင် မယ်ရီလန်းပြည်နယ်တွင် ပြသမည်
DVB
·
July 1, 2025
What happened to the wolf? ရုပ်ရှင် မယ်ရီလန်းပြည်နယ်တွင် ပြသမည်
Donate to DVB

တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာဏကြီးရိုက်ကူးပြီး  သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ အဓိက ပါဝင် သရုပ်ဆောင်ထားတဲ့ What happened to the wolf? ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ် Regal Hyattsville Royale (Stadium 14) မှာ ဒေသစံတော်ချိန် ဇူလိုင် ၁၂ ရက်နေ့  ပြသသွားဖို့ရှိပါတယ်။

ဒီရုပ်ရှင်ကို ဇွန် ၂၉ ရက်က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာ ပွဲဦးထွက်ပြသခဲ့ပြီး ဝါရှင်တန်ပြည်နယ်၊ နယူးယောက်ပြည်နယ်၊ ဖလော်ရီဒါနဲ့ တက္ကဆက်ပြည်နယ်တွေမှာလည်း ဆက်တိုက်ပြသသွားဖို့ရှိနေတယ်လို့ ရုပ်ရှင်ပြပွဲစီစဉ်သူတွေက ပြောပါတယ်။

ပွဲစီစဉ်သူတယောက်က "တော်လှန်ရေး ရန်ပုံငွေပွဲ မဟုတ်ပေမဲ့ ဒီရုပ်ရှင်ကား ဖန်တီးသူအနုပညာရှင် နဲ့ သရုပ်ဆောင်တွေဟာ ပြည်သူ့ဘက်ကနေပြတ်ပြတ်သားသား ရပ်တည်နေတဲ့ အနုပညာရှင်တွေ ဖြစ်တယ်။ ပြည်သူဘက်က ရပ်တည်မိလို့ အနုပညာလုပ်ငန်းတွေရပ်လိုက်ရတာတို့၊ လူမှု​ရေးစီးပွါး​ရေး နိမ့်ပါးသွားတာတို့၊ မိသားစု​တွေ ဒုက္ခရောက်သွားရတာတို့ ဆိုတာ မရှိစေရဘူး။ ဒီလိုအနုပညာရှင်​တွေကို အခမ်းအနားဆုံး ဖြစ်အောင် ဝိုင်းကြမယ် ၊ ရံကြမယ်။ သူတို့ရဲ့ survival ဆိုတာထက်ပိုတဲ့ အကျိုးရလဒ်​တွေရ​အောင် ဆောင်ကြဉ်း​ပေးကြမယ်။ သူတို့ရဲ့ သမိုင်းမှတ်တမ်း​တွေကို ကျနော်တို့ ပြည်သူ​တွေက အုတ်တချပ် သဲတပွင့် ဝိုင်း​ကူပေးချင်တယ်" လို့ပြောပါတယ်။

What Happened to the Wolf?” ရုပ်ရှင်ဟာ “မီ”ရုပ်ရှင် အပြီး ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ရဲ့ ဒုတိယမြောက်ရုပ်ရှင် ဖြစ်ပါတယ်။

အာဏာသိမ်းမှုမတိုင်ခင်၂၀၂၀ မှာရိုက်ကူးပြီးစီးခဲ့တဲ့ အဆိုပါရုပ်ရှင်ကို ဂျာမနီနိုင်ငံ Internationales Filmfest Oldenburg (2021) မှာ ပွဲဦးထွက်ပြသခဲ့ပြီး Seymour Cassel Award (အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိခဲ့ပါတယ်။ ဒါ့အပြင် Dili International Film Festival 2021 မှာ Best Narrative Feature (အကောင်းဆုံး ဇာတ်လမ်းဆု) နဲ့ Hobnobben Film Festival 2022 မှာ Best Film Award (အကောင်းဆုံး ရုပ်ရှင်ဆု) တွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013