
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဆီးရီးယားအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရပ်ဆိုင်းဖို့ အုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း အိမ်ဖြူတော် သတင်းထောက် ကဲရိုလိုင်းန် လဲဗစ်က သတင်းထောက်တွေကို ဇွန် ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အပျက်အစီးများတဲ့ ပြည်တွင်းစစ်အပြီးမှာ ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေး ကူညီပေးဖို့အတွက် စီမံချက်တွေကို ဖြေလျှော့ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်သမ္မတ ထရမ့်ပ်ဟာ မေလအတွင်းက ဆော်ဒီအာရေဗျမှာ ဆီးရီးယားသမ္မတသစ်နဲ့ တွေ့ဆုံခဲ့ချိန်မှာ ကမ္ဘာကို တုန်လှုပ်သွားစေတဲ့ ကတိပေးခဲ့ပြီး အစ္စရေးနဲ့ ဆက်ဆံရေးကို ပုံမှန်ဖြစ်စေဖို့ တိုက်တွန်းခဲ့တာပါ။
အစ္စလာမ္မစ်ဦးဆောင်တဲ့ အစိုးရအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ အားလုံးကို ရုပ်သိမ်းမယ်လို့ အံ့အားသင့်စရာ ကြေညာချက်တခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို မြှင့်တင်ဖို့ ကြိုးပမ်းမှုတခုဖြစ်ပြီး ဆီးရီးယားနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားသွားမှာဖြစ်ပေမဲ့ သမ္မတဟောင်း အာဆတ်နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေ၊ ဓာတုလက်နက် လှုပ်ရှားမှုတွေနဲ့ ဆက်နွှယ်နေသူတွေ၊ အိုက်ဆစ်စ်နဲ့ သူတို့ရဲ့တွဲဖက်တွေအပြင် အီရန်ကိုယ်စားလှယ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုတော့ ဆက်လက်ထားရှိမယ်လို့ ဆိုပါတယ်။
Source: Reuters