DVB Logo
Home
မြန်မာသတင်း
ကျုံဒိုး-ကော့ကရိတ်မြို့နယ်အတွင်းက စစ်ဘေးရှောင်များကို စစ်ကောင်စီက နေရပ်ပြန်ခိုင်း 
DVB
·
July 1, 2025
ကျုံဒိုး-ကော့ကရိတ်မြို့နယ်အတွင်းက စစ်ဘေးရှောင်များကို စစ်ကောင်စီက နေရပ်ပြန်ခိုင်း 
Donate to DVB

ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ်မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ အသုံးပြုဖို့ စစ်ကောင်စီက ပြန်လည်ဝင်ရောက်နေထိုင်ခိုင်းနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ကျုံဒိုး-ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီ စစ်ကောင်စီတပ်က မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်နေပါတယ်။

ကျုံဒို-ကော့ကရိတ်လမ်းပိုင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် ကော့ကရိတ်မြို့အနီးနဲ့ ကျုံဒိုးမြို့အနီးတဝိုက်ကို စစ်ကောင်စီက မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေကိုပါ ပစ်ခတ်တိုက်ခိုက်နေတဲ့အပြင် ဒေသခံတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ခေါ်ယူနေပါတယ်။

ဒေသခံတယောက်က “သူတို့အတွက်က လူသားဒိုင်းပုံစံလို့ ထင်တယ်။ သူတို့ စစ်ကောင်စီ) အချင်းချင်းဆိုရင် လုံခြုံမှုမရှိတော့ဘူး။ နောက်တခုက သူတို့အတွက် ရွာသားတွေရှိနေရင် သွားတာလာတာ လွယ်ကူးတာပေါ့။ သယ်ယူပို့ဆောင်တာလွယ်ကူတယ်။ သူတို့က လူသားဒိုင်းပုံစံလုပ်ပြီတော့ အောင်ဇေယျ စစ်ကြောင်းပုံစံမျိုး စစ်ကြောင်းထိုးဖို့ အစီအစဉ်ရှိမှာပေါ့။ အနီးအနားပတ်ဝန်းကျင်ကျတော့ လက်နက်ကြီးနဲ့ လေယာဉ်ကို စိုးရိမ်နေရတယ်။ ညက ၂ ခေါက်တောင်ပျံတယ်။ နေ့တိုင်း ညတိုင်းပဲ။ နေ့ ၂ ခေါက် ည ၂ ခေါက် အနည်းဆုံးပဲ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အထင်လွဲမှားကိုလည်း စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNLA တပ်ပေါင်းစုဘက်ကလည်း ပြည်သူလူထုတွေ ဘေးကင်းရာမှာ ရွှေ့ပြောင်းနေထိုင်ဖို့နဲ့  လက်ရှိတိုက်နေတဲ့ တော်လှန်ရေးတိုက်ပွဲမှာ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “စစ်ဘေးရှောင်တွေကတော့ ပြန်လည် ဝင်ရောက်နေထိုင်ဖို့အတွက်က ရာခိုင်နှုန်းတော်တော်များများက ပြန်ပြီးမနေထိုင်ဘူး။ ကျုံဒိုးမြို့ထဲ ပြန်ပြီးဝင်ရောက်နေထိုင်မယ့် လူပုဂ္ဂိုလ်တွေက ဘယ်လိုလူမျိုးတွေ ဖြစ်မလဲဆိုတော့ စီးပွားရေးသမားတွေ၊ အိမ်ဆောက်ပစ္စည်းရောင်းတဲ့ ပုဂ္ဂိုလ်တွေ၊ ကုန်စုံဆိုင်ရောင်းတဲ့ အဲလိုပုဂ္ဂိုလ်တွေ၊ ပစ္စည်းသယ်ယူရတာများတဲ့ လူတွေလောက်ပဲ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ အစီအစဉ်ရှိတယ်လို့ ကြားရတယ်။ သာမန် အရပ်သားတော်တော်များများ ၆၅ ရာခိုင်နှုန်း ၇၀ ရာခိုင်းနှုန်းလောက်ကတော့ ဝင်ရောက်နေထိုင်ဖို့အတွက် စိတ်မလုံခြုံဘူးဆိုတာ သိရတယ်။ အခု လောလောဆယ်တော့” လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂျိုင်းမြစ်အတွင်း အများပြည်သူ သွားလာ နေတဲ့ ကူးတို့ဆိပ်တွေကို ကူးသန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင်  လက်ရှိမှာ တိုက်ပွဲတွေကြောင့် စစ်ကောင်စီ တပ်ဘက်က ကော့ကရိတ်မြို့အပါအဝင် ဘားအံ- ဂျိုင်းတံတား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့အခြေ စိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေကနေ ခံစစ်အနေအထားနဲ့ လူ၊ လက်နက် အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။  

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013