
အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ် မြောက်ပိုင်းမှာ မီးငြှိမ်းသတ်နေတုန်း ပစ်ခတ်ခံရလို့ မီးသတ်သမား ၂ ယောက် သေဆုံးပြီးတဲ့နောက် ရဲတွေ ထူထူထပ်ထပ် ရောက်လာတယ်လို့ ဇွန် ၂၉ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။
သေနတ်သမားတယောက် ဒါမှမဟုတ် တယောက်မက ရှိမရှိကို ချက်ချင်းမသိရသေးဘူးလို့ ကူးတနိုင်းမြို့နယ် ရဲအရာရှိက ပြောပါတယ်။
ကယောဒလင်းမြို့က သဘာဝနယ်မြေတခုမှာ အရပ်သားတွေပါ ပစ်ခတ်ခံခဲ့ရနိုင်တယ်လို့ မြို့နယ်ရဲအရာရှိက ဆက်ပြောပါတယ်။
ဝါရှင်တန်ပြည်နယ် ဆီယက်တယ်မြို့ အရှေ့ဘက် မိုင် ၂၆၀ လောက်အကွာမှာ လူပေါင်း ၅၇,၀၀၀ နေတဲ့ ကယောဒလင်းမြို့နားက တောင်တက်သမားတွေကြား ရေပန်းစားတဲ့ ကန်းဖီးလ်ဒ် တောင်ပေါ် သဘာဝနယ်မြေမှာ ခုလို တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။
ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၁ မိနစ်မှာ မီးသတ်သမားတွေက မီးလောင်ကြောင်း ဖုန်းဆက် အကြောင်းကြားတာကို ပထမအကြိမ် လက်ခံရရှိခဲ့ပြီး မိနစ် ၄၀ လောက် အကြာမှာ သူတို့ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တယ်လို့ ရဲအရာရှိ ဘော့ဘ် နောရစ်က ပြောခဲ့ပါတယ်။
Source: Reuters