DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စက်သုံးဆီဂိုဒေါင်နှင့် နေအိမ် ၃ လုံး မီးလောင်
DVB
·
June 30, 2025
ဖားကန့်တွင် စက်သုံးဆီဂိုဒေါင်နှင့် နေအိမ် ၃ လုံး မီးလောင်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီနေ့ ဇွန် ၃၀ ရက် မနက် ၁၀ နာရီလောက်က စက်သုံးဆီ ဂိုဒေါင်တခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အနီးအနားရှိ နေအိမ် ၃ လုံးပါ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက် ၃ အနီးရှိ ခိုင်ကြည်ဇင် စက်သုံးဆီအရောင်းဆိုင်ရဲ့ ဆီဂိုဒေါင်မှာ မီးလောင်မှုကြောင့် အနီးအနားရှိ လူနေအိမ် ၃ လုံးပါ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

မျက်မြင် ဒေသခံတယောက်က “မီးက မနက်ပိုင်းလောက်မှာ လောင်တာပါ။ အရှိန်တော်တော်ပြင်းတယ်။ စက်သုံးဆီအရောင်းဆိုင်ရဲ့ အနောက်ဘက်က ဆီပေပါတွေထားတဲ့ ဂိုဒေါင် မီးစလောင်ခဲ့တယ်လို့ သိရတယ်။ မီးလောင်အားက အရမ်းပြင်းတော့ ဂိုဒေါင်ဘေးက အိမ်တွေပါ မီးလောင်ခဲ့တာ။ လူတွေထိခိုက်တာ မရှိဘူး” လို့ ပြောပါတယ်။

မီးလောင်မှုကို ရပ်ကွက်နေပြည်သူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအသင်းတွေက စုပေါင်းပြီး အချိန် မိနစ် ၃၀ ကျော် ကြာတဲ့အထိ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ စတင်လောင်ကျွမ်းတဲ့ အကြောင်းအရင်းကို သက်ဆိုင်ရာက စစ်ဆေးနေပြီး လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်ကလည်း ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာထဲက နေအိမ်တလုံးရဲ့ မီးဖိုဆောင်ကနေတဆင့် မီးလောင်မှုဖြစ်ပွားခဲ့လို့ နောက်ထပ် နေအိမ်တလုံး မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013