
အမေရိကန်မှာ ပိတ်ပင်ခံရတော့မယ့် TikTok အက်ပလီကေးကို ဝယ်ယူဖို့ အရမ်းချမ်းသာတဲ့ လူတစု ရှိနေပြီဖြစ်ပြီး နှစ်ပတ်လောက်အတွင်း ပြောပြနိုင်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ဥပဒေအရဆိုရင် TikTok အက်ပလီကေးရှင်းကို အမေရိကန်မှာ သုံးစွဲခွင့် ပိတ်ရတော့မှာ ဖြစ်ပေမဲ့ အပိတ်မခံရအောင် ထရမ့်ပ်က သက်တမ်းတိုးပေးထားတာ တတိယအကြိမ် ရှိပြီဖြစ်ပါတယ်။
နောက်ဆုံး သက်တမ်းတိုးပေးထားတာက စက်တင်ဘာ ၁၇ ရက်အထိ ဖြစ်တဲ့အတွက် ဒီရက်မကျော်ခင် TikTok ကို မိခင်ကုမ္ပဏီ ByDance က အပြီးရောင်းရမှာဖြစ်ပါတယ်။
ဒီလိုရောင်းချမှုကို တရုတ်အစိုးရဘက်က အတည်ပြုဖို့ လိုအပ်မှာဖြစ်ပေမဲ့ သမ္မတ ရှီကျင့်ဖျင်က သဘောတူကောင်းတူမှာပါလို့ ထရမ့်ပ်က မှတ်ချက်ပေးပါတယ်။
ဧပြီလအတွင်း အမေရိကန်ဝယ်လက်တယောက်က TikTok ကို ဝယ်ဖို့ သဘောတူပြီးကာမှ အိမ်ဖြူတော်နဲ့ တရုတ်အကြား ထရမ့်ပ်စည်းကြပ်ခွန်ကိစ္စ ပဋိပက္ခဖြစ်တဲ့အချိန်မှာ ပျက်သွားခဲ့ပါတယ်။
အခု ထရမ့်ပ် ပြောတဲ့ ဝယ်လက်ဆိုတာက အဲဒီအုပ်စုပဲလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပြီးခဲ့တဲ့နှစ် ဧပြီလမှ အမေရိကန်ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရ TikTok ကို မဖြစ်မနေ ရောင်းချမှသာ အမေရိကန်မှာ ဆက်လက်လည်ပတ်ခွင့်ပေးတော့မှာ ဖြစ်ပါတယ်။
ဥပဒေဟာ ဇန်နဝါရီ ၂၉ ရက်ကတည်းက အသက်ဝင်တာဖြစ်ပေမဲ့ ထရမ့်ပ်က သက်တမ်းတိုးပေးထားတာ ဖြစ်ပါတယ်။
ထရမ့်ပ်ဟာ ပထမသက်တမ်းတုန်းက TikTok အက်ပလီကေးရှင်း ပိတ်ဖို့အထိ လိုလားခဲ့ပေမဲ့ ၂၀၂၄ မှာ ရွေးကောက်ပွဲ တကျော့ပြန် အနိုင်ရအပြီးမှာတော့ သဘောထား ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters