DVB Logo
Home
နိုင်ငံတကာ
ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသည့် ဆိုရှယ်ဒီမိုကရက်တစ်အဖွဲ့ချုပ် ဖျက်သိမ်း
DVB
·
June 30, 2025
ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသည့် ဆိုရှယ်ဒီမိုကရက်တစ်အဖွဲ့ချုပ် ဖျက်သိမ်း
Donate to DVB

၅ နှစ်ကြာ အမျိုးသားလုံခြုံရေး ဖြိုခွင်းမှုကြောင့် ပြင်းထန်တဲ့ နိုင်ငံရေးဖိအားတွေကြားမှာ ဟောင်ကောင် ဆိုရှယ်ဒီမိုကရက်တစ် အဖွဲ့ချုပ်ဟာ ဖျက်သိမ်းလိုက်ရပြီး ဒီမိုကရေစီလိုလားတဲ့ တရားဝင် အတိုက်အခံတွေ မရှိတဲ့မြို့အဖြစ် ချန်ထားရစ်ခဲ့မယ်လို့ ဇွန် ၂၉ ရက်မှာ ပြောလိုက်ပါတယ်။

LSD ဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဟောင်ကောင်မှာ ပိတ်ပစ်ခဲ့တဲ့ တတိယမြောက် အဓိက အတိုက်အခံပါတီ ဖြစ်လာခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ အမတ်ဟောင်း လျန်ကို့ဟန်က ဒီမိုကရေစီလိုလားသူတွေရဲ့ အစွန်းရောက် ဝါဒီတယောက်အဖြစ် LSD ကို ပူးပေါင်းတည်ထောင်ခဲ့ပြီး အခုနှစ်မှာ သေးငယ်တဲ့ ဆန္ဒပြပွဲတွေကို ဟောင်ကောင်မှာ နောက်ဆုံးဆင်နွှဲတဲ့အဖွဲ့ ဖြစ်လာပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်မှာ ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်ကျွန်းအပေါ် အမျိုးသား လုံခြုံရေးဥပဒေတရပ် ချမှတ်ခဲ့ပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အဖျက်အမှောင့်တွေလို့စွပ်စွဲပြီး ထောင်ဒဏ် တသက်တကျွန်းအထိ ပြစ်ဒဏ်တွေလည်း ချမှတ်ခဲ့တာပါ။

ပုဒ်မ ၂၃ လို့ခေါ်တဲ့ ဒုတိယမြောက်ဥပဒေတရပ်ကို တရုတ်ပြည်မကြီးအစိုးရကို လိုလားတဲ့ ဥပဒေပြုလွှတ်တော်က ၂၀၂၄ ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။

ဆိုရှယ်ဒီမိုကရက်အဖွဲ့ချုပ်ဟာ ပြင်းထန်တဲ့ နည်းပရိယာယ်တွေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကြောင့် လူသိများတဲ့ ဟောင်ကောင်ရဲ့ အငယ်စား ဒီမိုကရေစီအင်အားစုတွေထဲက တစုဖြစ်ပြီး အားလုံးပါဝင် မဲပေးပိုင်ခွင့်နဲ့ ပင်စင်စနစ် အပါအဝင် အခြေခံလူတန်းစားတွေကို ထောက်ခံအားပေးရာမှာ ပါဝင်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013