
ကူးစက်ရောဂါတွေထဲက အထူးသဖြင့် ကာလဝမ်းရောဂါဟာ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့အကြား လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ ဆူဒန်ရဲ့ ကျန်းမာရေးစနစ်အတွက် စိန်ခေါ်မှုတရပ် ဖြစ်လာခဲ့ပါတယ်။
ဆူဒန်မှာ ကာလဝမ်းရောဂါကူးစက်ခံဦးရေ အယောက် ၇၀,၀၀၀ ကျော်သွားပါပြီ။ ပဋိပက္ခဇုန်တွေမှာ ဆေးရုံတွေ ကျယ်ကျယ်ပြန့်ပြန့် ပိတ်မှုနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ပြတ်တောက်တာ ကြုံနေရလို့ ကူးစက်ရောဂါကို စောင့်ကြည့်၊ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစနစ်က လုပ်ဖို့မဖြစ်နိုင်သလောက် ဖြစ်နေပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးရဲ့ နောက်ဆုံး အချက်အလက်တွေအရ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းကို ပဋိပက္ခကြောင့် ပိတ်ထားရပြီး ဆူဒန်လူဦးရေရဲ့ ၆၅ ရာခိုင်နှုန်းဝန်းကျင်က အခြေခံကျန်းမာရေးဝန်ဆောင်မှုကို လက်လှမ်းမမီကြပါဘူး။
ဆူဒန်နိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ကာလဝမ်းရောဂါအသစ် ဖြစ်ပွားပြီးကတည်းက ကပ်ရောဂါဟာ ပြည်နယ် ၁၈ ခုထဲက ၁၃ ခုဆီကို ပျံ့နှံ့သွားခဲ့ပါတယ်။
ကူးစက်ကပ်ဘေးကြောင့် သေဆုံးသူ ၁,၈၀၀ ကျော် အပါအဝင် ကူးစက်ခံရသူပေါင်း ၇၄,၀၀၀ လောက် ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန်လလယ်မှာ ပြောခဲ့ပါတယ်။
Source: Reuters