DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်ကြောင်းကမီးရှို့သဖြင့် မင်းကွန်း(တောင်) ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး
DVB
·
June 29, 2025
စစ်ကိုင်းတွင် စစ်ကြောင်းကမီးရှို့သဖြင့် မင်းကွန်း(တောင်) ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန် ၂၇ ရက်ညမှာ မင်းကွန်း(တောင်)ကျေးရွာက လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးလို့ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ကူညီဆောင်​ရွက်ပေးနေတဲ့ ဒေသခံအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

မင်းကွန်းတိုက်နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မင်းကွန်း (တောင်)ရွာကို ည ၈ နာရီလောက်မှာမီးစရှို့တာ။ မီးရှို့တဲ့ကောင်တွေက မင်းကွန်း (မြောက်) မှာ တပ်စွဲနေတဲ့ကောင်တွေ။ မင်းကွန်းတောင်ရွာနဲ့မြောက်ရွာဆိုတာ ကပ်နေတာ။ သူတို့မီးရှို့လို့ မင်းကွန်း (တောင်) ရွာက အိမ်ခြေ ၆၀၀ ဝန်းကျင်မီးလောင်ပျက်စီးသွားပါတယ်။ ရွာလုံးကျွတ်နီးပါး လူနေအိမ်မကျန်သလောက်ပါပဲ။ သူတို့ကြောင့် မင်းကွန်း၊ ကင်း၊ အုန်းသဇင်၊ မြေတိုင်း၊ ချောင်းမကြီး၊ ရှားရောင်းရွာတွေက သောင်းချီတဲ့ပြည်သူတွေလည်း ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန် ၂၇ ရက် မနက်ပိုင်းကလည်း မင်းကွန်း (တောင်) ကျေးရွာအနီးက အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ ကင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြသေးလို့ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားခဲ့ရသေးတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့ကစလို့ မင်းကွန်းဒေသကကျေးရွာတွေအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာ၊ လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့လည်း ဆိုပါတယ်။

People Servant Force တာဝန်ခံ ကိုနက်ရှိုင်း က “သူတို့ဘက်က မင်းကွန်းဒေသကိုပြန်ပြီး ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထပ်ထိုးလာပြီး ဒီဘက်ကိုရောက်နှင့်နေတဲ့ သူတို့တပ်ဖွဲ့ဝင်တွေနဲ့ပေါင်းလိုက်တော့ အင်အား ၅၀၀ ဝန်းကျင်လောက်ဖြစ်မယ်။ အဲဒီကောင်တွေက ပြည်သူပိုင်ပစ္စည်းတွေခိုးပြီးတော့ ရွာတွေကိုမီးရှို့ဖျက်ဆီးနေကြတာဖြစ်တယ်။ အခုလဆန်းပိုင်းကစပြီး နေ့တိုင်းလောက်နီးပါးဖြစ်တဲ့တိုက်ပွဲတိုင်းမှာလည်း သူတို့ဘက်က ထိခိုက်သေဆုံးတာများတယ်။ အထိနာတယ်ပေါ့ဗျာ။ အဲဒီအငြှိုးနဲ့ပြည်သူပိုင်ပစ္စည်းတွေကို ဥပဒေမဲ့ဖျက်ဆီးနေကြတာဖြစ်တယ်။ ကျနော်တို့လည်း နေ့တိုင်းလောက်နီးပါး တိုက်ပွဲတွေဆငနွှေဲနေရတော့ ကျည်တွေလိုအပ်လာလို့ ကူညီနိုင်သူတွေအနေနဲ့လည်း ကူညီကြပါဦး” လို့ DVB ကို ပြောပါတယ်။

ဇွန် ၂၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီဟာ MI35 ရဟတ်ယာဉ်နဲ့ စစ်ကိုင်းမြို့နယ် အရှေ့ဘက်ခြမ်းကကျေးရွာတွေကို လေကြောင်းကနေ ၃ ကြိမ် တိုက်ခိုက်သွားပြီး ထိခိုက်ပျက်စီးတဲ့ မြေပြင်အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့လည်း မင်းကွန်းဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013