DVB Logo
Home
နိုင်ငံတကာ
တရုတ်ပြည် ကွေ့ကျိုးတွင် မိုးသည်းထန်ပြီး ၁ ပတ်အတွင်း ဒုတိယအကြိမ် ရေကြီး 
DVB
·
June 29, 2025
တရုတ်ပြည် ကွေ့ကျိုးတွင် မိုးသည်းထန်ပြီး ၁ ပတ်အတွင်း ဒုတိယအကြိမ် ရေကြီး 
Donate to DVB

တရုတ်နိုင်ငံ အနောက်တောင်ဘက်ကွေ့ကျိုး ဒေသရှိ ရုန်းကျန်းမှာ မိုးသည်းထန်မှုကြောင့် တပတ် အတွင်း ဒုတိယအကြိမ် ရေကြီးခဲ့ပါတယ်။

အဲဒီဒေသမှာ ရေကြီးမှုကို အမြင့်ဆုံးအဆင့် အရေးပေါ်လုပ်ဆောင်ဖို့ အရှိန်မြှင့် ဆောင်ရွက်နေသလို ရေမြင့်တက်လာမှုက ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ တွန်းအား ဖြစ်စေပါတယ်။

ခန့်မှန်းချက်တွေအရ ဒူလီယူမြစ်ရေဟာ အမြင့်ဆုံးအဆင့် ၂၅၃ ဒသမ ၅ မီတာကို ရောက်မယ်လို့ ခန့်မှန်းထားပြီး ဘေးအန္တရာယ်ကင်းတဲ့ ၂၅၁ ဒသမ ၅ မီတာထက် ၂ မီတာ ပိုပြီး မြင့်တက်လာမှာဖြစ်ပါတယ်။ ရေတက်နှုန်းဟာ ၁ စက္ကန့်ကို ကုဗမီတာ ၈၃၆၀ အထိ မြင့်တက် မယ်လို့လည်း မျှော်လင့်ရပါတယ်။ ရေတက်နှုန်းတက်လာလို့ ရေဘေးအန္တရာယ်ကို Level 2 ကနေ Level 1 အဆင့်ထိ တိုးမြှင့် သတ်မှတ်ခဲ့ပြီး အရေးပေါ်လုပ်ဆောင်ချက်များကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။

စနေနေ့ နေ့လယ် ၁၂ နာရီခွဲမှာ ရေတက်နှုန်းတိုးမြှင့်လာဖြစ်ပါတယ်။ အဲ့ဒီဒေသဟာ ဇွန် ၂၄ ရက်ကတည်းက ရေကြီးမှုဒဏ်ကို ခံစားခဲ့ရတာဖြစ်ပြီး ရက်ပိုင်းအတွင်း နောက်ထပ် ရေကြီးမှုဒဏ် ကို ထပ်ခံနေရတာဖြစ်ပါတယ်။ ဇွန် ၂၆ ရက် ထုတ်ပြန်ချက်အရ ရေကြီးမှုကြောင့် လူ ၆ ယောက် သေဆုံးထားကြောင်း သိရပါတယ်။

တရုတ်နိုင်ငံမှာ ရေကြီးမှုနဲ့ပတ်သက်ပြီး အရေးပေါ်ဆောင်ရွက်ဖို့ အဆင့် ၄ ဆင့် သတ်မှတ်ထားပြီး အဆင့် ၁ ဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ရာသီဥတုနဲ့ပတ်သက်ပြီးလည်း တရုတ်နိုင်ငံမှာ အပြာ၊ အဝါ၊ လိမ္မော်၊ အနီ စတဲ့ အဆင့် ၄ ဆင့် သတ်မှတ်ထားပြီး အနီရောင်အဆင့်က အရေးကြီးဆုံး သတိပေးချက်ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ထောင်စုနှစ်ပေါင်းများစွာ နွေရာသီရေကြီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံဖြစ်ပေမဲ့ ရာသီဥတုပြောင်းလဲခြင်းကြောင့်လို့ သိပ္ပံပညာရှင်အချို့က ပြောပါတယ်။ မကြာခဏ မိုးသည်းထန်မှုရဲ့ အကျိုးဆက်က ရေကြီးမှုတွေကို ဖြစ်ပေါ်စေပြီး အကျိုးဆက်အနေနဲ့ ဆည်ကျိုးကျမှုလိုမျိုး ဘေးအန္တရာယ်တွေလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်က တရုတ်နိုင်ငံတောင်ပိုင်းရှိ ယူနန်၊ ကွေ့ကျိုး၊ ဟိုင်နန်၊ ကွမ်ရှီးတို့ရဲ့ အဓိက မြစ် ၁၃ စင်းဟာ မုန်တိုင်းကြောင့် စိုးရိမ်ရေမှတ်ထက် မြင့်တက်မယ်လို့ CCTV က သတိပေးထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013