
အစ္စရေးပဋိပက္ခမှာ သေဆုံးခဲ့တဲ့ စစ်ခေါင်းဆောင်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ အရပ်သားတွေကို အီရန်က နိုင်ငံတော်အဆင့် ဈာပနကျင်းပပေးခဲ့ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သိပ္ပံပညာရှင် ၁၆ ယောက်ထက်မနည်းသေဆုံးခဲ့သလို ထိပ်တန်းတပ်မှူး ၁၀ ယောက်လည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန်လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမတ်ဘတ်ဟီရီ၊ တော်လှန်ရေးအစောင့်တပ်မှူး ဗိုလ်ချုပ်ဆလာမီနဲ့ လေတပ်အကြီး အကဲ ဗိုလ်ချုပ်အယ်ဟာဂျီဇာဒါတို့ သေဆုံးခဲ့ပါတယ်။
ဘတ်ဟီရီ၊ ဆလာမီနဲ့ အယ်ဟာဂျီဇာဒါတို့ဟာ အစ္စရေးက စတင်တိုက်ခိုက်ခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ကတည်းက သေဆုံးခဲ့တာဖြစ်ပါတယ်။
ခါမေနီက “ဒီနေရာမှာ ကျနော်တို့ရဲ့ ညီညွတ်မှုတွေကို ရန်သူတွေသိအောင် ပြသမှာပါ။ ကျနော်တို့ရဲ့ နိုင်ငံကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
အဲဒီဈာပနကို တီဟီရန်ရှိ အေဇာဒီရင်ပြင်မှာ ကျင်းပခဲ့ပြီး သေဆုံးသူတွေရဲ့ အခေါင်းတွေကို အီရန်အလံတွေနဲ့ပတ်ပြီး ဂုဏ်ပြုခဲ့သလို လူအုပ်ကြီးကလည်း အီရန်အလံတွေလည်း ဝှေ့ယမ်းခဲ့ကြပါတယ်။
အီရန်-အစ္စရေး အပြန်အလှန်ပစ်ခတ်ခဲ့တဲ့ ၁၂ ရက်ကြာ စစ်ပွဲမှာ အမျိုးသမီး ၄ ယောက် ကလေး ၄ ယောက် အပါအဝင် စုစုပေါင်း လူ ၆၀ သေဆုံးခဲ့ပါတယ်။
Source: Reuters