DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာနှင့် ယူနန်အစာများ ရောင်းချသည့်ဈေး ပိတ်ဆို့စစ်ဆေးခံရပြီး ၁၂ ဦးဖမ်းဆီးခံရ
DVB
·
September 11, 2026
Photo: Chiangmai Immigration
Photo: Chiangmai Immigration
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ ထာ့ဆာလားရပ်ကွက် မြို့ရှောင်လမ်းမကြီး - ၂ ရှိ မြန်မာနဲ့ ယူနန် တရုတ်အစားအစာ ရောင်းချတဲ့ လေဟာပြင်ဈေးကြီးကို တာဝန်ရှိသူတွေက မနေ့ စက်တင်ဘာ ၁၀ ရက် မနက်မှာ ရှောင်တခင် ဝင်ရောက်ပိတ်ဆို့စစ်ဆေးပြီး ဥပ‌ဒေနဲ့ မကိုက်ညီတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၁၂ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နိုင်ငံတွင်း ဝင်ရောက်တည်းခိုနေထိုင်တဲ့ နိုငံခြားသားတွေ ဥပ‌ဒေချိုးဖောက်တာ၊ ထိုင်းနိုင်ငံကို အသုံးချပြီး နိုင်ငံတကာဒုစရိုက်မှု ကျူးလွန်တာ၊ တရားမဝင် ဝင်ရောက်နေထိုင်လုပ်ကိုင်တာ၊ ဗီဇာသက်တမ်းလွန်တာတွေကို စစ်ဆေးအရေးယူဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရ ချင်းမိုင်ခရိုင် လဝက ရဲတပ်ဖွဲ့၊ အလုပ်သမားရုံး၊ ပြည်တွင်းလုံခြုံရေးကောင်စီနဲ့ နယ်မြေအုပ်ချုပ်ရေးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့မနက်က ထာ့ဆာလားရပ်ကွက် လေဟာပြင်ဈေးကို သွားရောက်စစ်ဆေးခဲ့တယ်။

အဲဒီနောက် ခွင့်ပြုချက်ရထားတဲ့ အလုပ်အမျိုးအစားထက် ကျော်လွန်လုပ်ကိုင်သူ ၉ ယောက်၊ အလုပ်သမားမှတ်ပုံတင်ကတ် မရှိသူ ၂ ယောက်၊ ဗီဇာသက်တမ်းကုန်လွန်သူ တယောက်၊ စုစုပေါင်း ၁၂ ယောက်ကို ဖမ်းဆီးခဲ့တယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၉ ယောက်၊ တရုတ်နိုင်ငံသား ၃ ယောက် ပါဝင်တယ်လို့ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူထဲက အလုပ်သမားကတ်ရှိသူတွေဟာ အခြေခံအလုပ်ကြမ်း အလုပ်သမားလို့သာ ဖော်ပြထားတယ်၊ တချို့က ယာယီနေထိုင်ခွင့်ဗီဇာသာရှိပြီး အလုပ်လုပ်ခွင့်ပါမစ်မရှိ၊ တချို့မှာ နေထိုင်ခွင့်သက်တမ်း ဗီဇာကုန်ဆုံးပြီး ဈေးရောင်းချနေတာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်။ သူတို့အားလုံးကို လဝကဥပဒေ/အလုပ်သမားဥပဒေနဲ့ အရေးယူဖို့ မဲ့ပင်းနယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ထာ့ဆာလား လေဟာပြင်ဈေးမှာ ယူနန်ဈေးလို့ လူသိများပြီး အပတ်စဉ် တနင်္လာနဲ့ ကြာသပတေးနေ့တိုင်း ဖွင့်တယ်၊ မြန်မာပြည်က စားသောက်ကုန်တွေ၊ တရုတ်စားသောက်ကုန်တွေ ရောင်းချတာကြောင့် အဝေးရောက် မြန်မာပြည်သားတွေနဲ့ စည်ကားနေတဲ့ ဈေးတခုလည်း ဖြစ်ပါတယ်။

Source: Chiangmai Immigration / Chiang Mai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013