DVB Logo
Home
မြန်မာသတင်း
ပျော်ဘွယ်မြို့နယ်ထဲက စစ်တပ်ဂိတ်ကို PDF ပစ်ခတ်၊ အရာခံဗိုလ် အပါအဝင် ၄ ဦးသေဆုံး
DVB
·
June 28, 2025
ပျော်ဘွယ်မြို့နယ်ထဲက စစ်တပ်ဂိတ်ကို PDF ပစ်ခတ်၊ အရာခံဗိုလ် အပါအဝင် ၄ ဦးသေဆုံး
Donate to DVB

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဂိတ်စခန်းကို ဇွန် ၂၆ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီ အရာခံဗိုလ် ၁ ယောက် အပါအဝင် ၄ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ အောင်ဆန်းမြေအဖွဲ့-နတ်မောက် (Aung San's Land Natmauk) က ဇွန် ၂၇ ရက်ညမှာ တိုက်ပွဲရုပ်သံမှတ်တမ်းနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။

Aung San's Land Natmauk ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပျော်ဘွယ်မြို့နယ်ထဲက ညောင်ကုန်းရဲစခန်းနားမှာ စစ်သားနဲ့ပျူတွေပေါင်းပြီး ဆက်ကြေးကောက်နေတဲ့ဂိတ်ကို ရုတ်တရက်ဝင်ပစ်ခဲ့တာပါ။ ပစ်ခတ်မှုကြာချိန်က ၅ မိနစ်တောင်မပြည့်ခဲ့ပါဘူး။ အရာခံဗိုလ် ၁ ယောက်နဲ့ စစ်သား ၃ ယောက်သေပါတယ်။ ရဲ ၁ ကောင်နဲ့ ပျူ ၁ ကောင်တို့ကတော့ လက်နက်တွေယူပြီး ထွက်ပြေးသွားကြတယ်။ အရှင်မိတဲ့သူမရှိပါဘူး။ သေတဲ့ကောင်တွေရဲ့ လက်နက်တွေတော့ သိမ်းလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုအတွင်းကနေ သေဆုံးသွားကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MA1 သေနတ် ၃ လက် (ပျက်စီး ၁ လက်အပါအဝင်)၊ 5.56 ကျည် ၆၄ တောင့်၊ ဟန်းဖုန်း ၂ လုံးနဲ့ ငွေ ၁၈၀,၅၀၀ တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

Aung San's Land Natmauk ရဲ့ မြေပြင်တာဝန်ခံ ဘာမထီ “အခု ကျနော်တို့ဝင်ပစ်တဲ့ဂိတ်က ညောင်ကုန်းရဲစခန်းနဲ့ အရမ်းနီးတယ်။ ကျနော်တို့ဘက်က ခြေလျင်ဝင်ပစ်တာနော်။ သူတို့ဘက်က စစ်ကူလာရင် ၅ မိနစ်လောက်ဆိုရောက်တယ်။ ကျနော်တို့ဘက်ကလည်း ပစ်ပြီးလို့ သိမ်းစရာရှိတာတွေသိမ်းပြီး ပြန်ဆုတ်လာခဲ့ကြတာ။ ကျနော်တို့ပြန်ဆုတ်လာပြီး အချိန် ၁ နာရီလောက်ကြာမှ အဲဒီရဲစခန်းက စစ်ကူတွေရောက်လာပြီး အလောင်းတွေ လာကောက်သွားကြတာ​ဆိုတော့ သူတို့ဘက်ကကောင်တွေ ကြောက်အားကြီးသလို အင်အားနည်းနေပြီဆိုတာကို သက်သေပြတာပဲ။ စစ်တပ်အောက်မှာမှိန်းပြီးတော့ ပြည်သူဆီကနေ မသထာရေစာတွေ စားနေတဲ့သူတွေအနေနဲ့လည်း သူတို့လိုမသေချင်ဘူးဆိုရင် အမြန်ဆုံးအလင်းဝင်ကြပါ။ အဲလိုမဟုတ်လို့ ကျနော်တို့ဘက်ကပစ်ရင်တော့ ခေါင်းတွေချည်းပဲ တည်ပစ်မှာလို့ ပြောချင်တယ်” လို့ က DVB ကို ပြောပါတယ်။

Local တပ်ဖွဲ့တခုဖြစ်တဲ့ Aung San's Land Natmauk အဖွဲ့ဟာ တိုက်ပွဲကြီးတွေဖော်ဆောင်ဖို့ ခဲယမ်းလိုအပ်ချက်တွေရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကလည်း နမ့်စန်လေတပ်အတွက် လေယာဉ်ဆီသယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား ၁ စီးနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီးမှာ Aung San's Land Natmauk အဖွဲ့က ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013