DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့ ၈၈ ငြိမ်းပွင့်တာဝန်ခံနှင့် ရွှေဘို ပကဖ ၆ ဦးကို TNLA ပြန်လွှတ်ပေး
DVB
·
June 28, 2025
ကျောက်မဲမြို့ ၈၈ ငြိမ်းပွင့်တာဝန်ခံနှင့် ရွှေဘို ပကဖ ၆ ဦးကို TNLA ပြန်လွှတ်ပေး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ကျောက်မဲမြို့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတာဝန်ခံ ဒေါ်ရီဆွေနဲ့ စစ်ကိုင်းတိုင်းက ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)ခေါင်းဆောင် ၆ ယောက်ကို TNLA တအာင်းတပ်က ဇွန် ၂၇ ရက် မနေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

နီးစပ်သူတယောက်က “ဒေါ်ရီဆွေရော၊ ပကဖ ၆ ယောက်ပါ ပြန်လွတ်လာပြီ။ အဘက်ဘက်က ကူညီပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ကျောက်မဲမြို့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတာဝန်ခံ ဒေါ်ရီဆွေ၊ ရွှေဘိုနယ်က ဦးငြိမ်းမောင်၊ ဦးချစ်သိန်း၊ ဦးကျော်စိုး၊ ဒီပဲရင်းနယ်က ကိုနေမျိုးချစ်နဲ့ ရွှေဘိုပကဖ ၂ ယောက်တို့ကို ကားပေါ်မှာ ပိုက်ဆံသိန်းရာနဲ့ချီ ပါလာတာကို မသင်္ကာလို့ဆိုပြီး ဇွန် ၁၇ ရက်နေ့မှာ TNLA တပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

နီးစပ်သူတယောက်က “တအာင်းရဲ့ မဟာမိတ်ဆက်ဆံရေးဌာနကို ပြေလည်အောင်ညှိနှိုင်းလိုက်လို့ အခုလိုပြန်လွှတ်လာတာပါ။ သက်ဆိုင်ရာ ပကဖရဲ့ ထောက်ခံတာလည်းပါတယ်။ ဒေါ်ရီဆွေအပါ အားလုံး ၇ ယောက်ပေါ့” လို့ ပြောပါတယ်။

ထိန်းသိမ်းထားတဲ့သူတွေကို လွှတ်ပေးတာနဲ့ပတ်သက်ပြီး TNLA ဘက်က ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်မှာ TNLA တအာင်းတပ်၊ DPLA ဓနုတပ်နဲ့ PDF တပ်တွေဟာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ အပြင်အထန်ဖြစ်ပွားနေပါတယ်။

ကျောက်မဲမြို့နဲ့ နမ္မတူမြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ သိမ်းပိုက်ခဲ့ပြီး လက်ရှိ အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်နေပြီး စစ်ကောင်စီကလည်း မကြာခဏ ဗုံးကြဲ တိုက်ခိုက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013