DVB Logo
Home
မြန်မာသတင်း
ကျွဲတပ်ဆုံဂိတ်တွင် ကလေးငယ်အပါအဝင် CDM လင်မယား ဖမ်းဆီးခံရ
DVB
·
June 28, 2025
ကျွဲတပ်ဆုံဂိတ်တွင် ကလေးငယ်အပါအဝင် CDM လင်မယား ဖမ်းဆီးခံရ
Donate to DVB

မန္တလေးတိုင်း၊ သာစည်မြို့နယ်မှာရှိတဲ့ ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ အစစ်အဆေးတင်းကျပ်နေပြီး တောင်ကြီးကနေ ရန်ကုန်ကိုသွားတဲ့ အဝေးပြေးကားပေါ်ကနေ ကလေးငယ်အပါအဝင် CDM လင်မယား ဖမ်းဆီးခံခဲ့ရတယ်လို့ ကားပေါ်ပါသူတယောက်က ပြောပါတယ်။

ဇွန် ၂၃ ရက် မနက်မှာ တောင်ကြီးကနေ ရန်ကုန်ကိုသွားတဲ့ကားက ကျွဲတပ်ဆုံဂိတ်ကိုရောက်ချိန် မှတ်ပုံတင်စစ်ခံရရာကနေ CDM ဖြစ်တယ်ဆိုပြီး ဖမ်းသွားတယ်လို့ သိရပါတယ်။

ကားပေါ်ပါသူတယောက်က “ရဲတယောက်က အဲဒါ CDM တွေဆိုပြီး ရွတ်နေတာ။ ဖမ်းခံရတဲ့ နှစ်ယောက်က လင်မယားဖြစ်မယ်ထင်တယ်။ လသားအရွယ် ကလေးငယ်လည်းပါတယ်” လို့ ပြောပါတယ်။

ကျွဲတပ်ဆုံဂိတ်မှာ ကားပေါ်ပါသူတွေတယောက်ချင်းစီကို လိုက်စစ်ဆေးတာ အချိန် ၂ နာရီလောက်ကြာပြီး CDM မိသားစုကို ဖမ်းဆီးပြီးနောက် ဘယ်မှာထားတယ်ဆိုတာကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတွေက စစ်ဆေးရေးဂိတ်တွေမှာ PSMS စနစ်ကို အသုံးပြုပြီး ဖမ်းဆီးတာတွေ ဆက်တိုက်ရှိလာတာပါ။

CDM တယောက်က “အစက သတင်းဖန်တီးပြီး သူတို့ ခြိမ်းခြောက်ရုံပဲထင်တာ။ ဒီလိုဆို အမတို့ CDM တွေ ဘောင်ကျဉ်းတာပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနှံက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ မတ်လလောက်ကစပြီး PSMS စနစ်နဲ့ စစ်ဆေးဖမ်းဆီးထိန်းသိမ်းခဲ့သူ ၁၆၀၀ ကျော်အထိရှိနေပြီလို့ စစ်တပ်ဝါဒဖြန့် မီဒီယာတခုက မေလထဲမှာ သတင်းဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013