DVB Logo
Home
မြန်မာသတင်း
ရွှေပေါက်ကံတွင် CDM ဝန်ထမ်း အမျိုးသမီး ၁ ဦးဖမ်းဆီးခံရ
DVB
·
October 30, 2026
Photo : AFJ
Photo : AFJ
Donate to DVB

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် ၂၂ ရပ်ကွက်၊ ညောင်ရမ်း လမ်းမကြီးပေါ်မှာ အောက်တိုဘာ ၂၈ ရက်၊ ည ၇ နာရီက CDM ဝန်ထမ်း အမျိုးသမီးတယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ည ၇ နာရီဝန်းကျင်က မြောက်ဒဂုံနဲ့ ရွှေပေါက်ကံမြို့သစ်ကို ဆက်သွယ်ထားတဲ့ တံတားအဆင်းမှာ ဘေးတွဲဆိုင်ကယ်ပေါ်ကနေ ဆင်းလာတဲ့ အဆိုပါ CDM ဝန်ထမ်း အမျိုးသမီးကို အရပ်ဝတ်တွေက လာရောက်ဖမ်းဆီးသွားတာလို့ ရပ်ကွက်နေသူတယောက်ကပြောပါတယ်။

"ဘေးတွဲဆိုင်ကယ်ပေါ်ကဆင်းပြီး လမ်းလျှောက်လာတဲ့အချိန် ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းခေါ် သွားတာပါ။ သတင်းပေး တိုင်တန်းတဲ့သူရှိလို့ စောင့်ပြီး ဖမ်းဆီးတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဖမ်းသွားတဲ့ သူတွေက အရပ်ဝတ်တွေနဲ့ဖြစ်ပြီး ဖမ်းဆီးခံရတဲ့ အစ်မကတော့ အရင်က ကျောင်းဆရာမပါ၊ စစ်တပ်က အာဏာသိမ်းကတည်းက CDM လုပ်ထားတာပါ။”

ဖမ်းဆီးခံလိုက်ရသူဟာ ပညာရေးဌာနကနေ CDM လုပ်ထားတဲ့ ဒေါ်အိအိစိုး ဖြစ်ပြီး ၁၇ ရပ်ကွက်ရှိ အဆောင်တခုမှာ နေထိုင်သူဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နေရာကို မသိရသေးတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်နေကြပါတယ်။

ဇွန် ၁၉ ရက် ည ၇ နာရီတုန်းကလည်း ရွှေပေါက်ကံမြို့သစ် ၁၅ ရပ်ကွက်နဲ့ ၁၂ ရပ်ကွက်မှာနေထိုင်တဲ့ CDM ဝန်ထမ်း အမျိုးသမီး ၂ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။

စစ်အာဏာရှင်ဘက်က အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင် စွန့်ခွာသွားကြတဲ့ နိုင်ငံ့ဝန်ထမ်း တွေကို Blacklist နာမည်ပျက်စာရင်းကနေ ဖြေလျှော့ပေးမယ်ဆိုပြီး ဖိတ်ခေါ်နေပေမဲ့ မြေပြင်မှာတော့ အခုလိုမျိုး လိုက်လံဖမ်းဆီးမှုတွေ ဆက်တိုက် ပြုလုပ်နေတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ လက်ရှိ ပညာရေး နယ်ပယ်က CDM ၂ သိန်းနဲ့ ကျန်းမာရေးနယ်ပယ်က CDM ၄၅,၀၀၀ ကျော် အပါအဝင် မီးရထား၊ မီးသတ်နဲ့ နယ်ပယ်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်း CDM ၄ သိန်းနီးပါး ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013