DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ကမ်းရိုးတန်းဒေသများတွင် ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်
DVB
·
June 27, 2025
ထိုင်းတောင်ပိုင်း ကမ်းရိုးတန်းဒေသများတွင် ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်
Donate to DVB

ထိုင်းနိုင်ငံ ဘေးအန္တရာယ် ကာကွယ်တာဆီးရေးနဲ့ လျှော့ချရေးဦးစီးဌာနက အမ်ဒမန် ကမ်းရိုးတန်းဒေသရှိ ရနောင်း၊ ဖန်င၊ ကရဘီ၊ တရန်၊ စတွန်နဲ့ ဖူးခက် ဒေသတို့မှာ ဒီကနေ့ ဇွန် ၂၇ ရက် နေ့လယ် ၂ နာရီခွဲမှာ ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ ထိုင်းတောင်ပိုင်း အလုပ်သမားရေး လုပ်ဆောင်သူတွေဆီက သိရပါတယ်။

ဆူနာမီ သတိပေးချက် အစမ်းလေ့ကျင့်မှုကို နှစ်စဉ် ထိုင်းတောင်ပိုင်းက ကမ်းရိုးတန်းဒေသတွေမှာ တနှစ်တကြိမ်ထက်မနည်း ပြုလုပ်လေ့ရှိပြီး သဘာဝဘေးဆိုင်ရာ သတိပေးတာ၊ ရာသီဥတု ဖောက်ပြန်တာကို အသိပေးတဲ့အခါမျိုးမှာ ထိုင်းအစိုးရအဖွဲ့ အစီအစဉ်နဲ့ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းတောင်ပိုင်းရှိ FED Foundation ရဲ့ အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးက “အနည်းဆုံး တနှစ်ကို တကြိမ်လောက် လုပ်တယ်။ အချိန်တော့ မတူဘူး။ တခါတလေကျရင် ဆူနာမီ နှစ်ပတ်လည်နေ့နား နီးတဲ့အချိန် လုပ်တာရှိတယ်။ အခုကတော့ ဇွန်လ ၆ လပိုင်းမှာ လုပ်တာ။ အခုက အမ်ဒမန်ကမ်းရိုးတန်းဒေသမှာ ငလျင်လှုပ်တာတွေ ရှိတယ်။ စိုးရိမ်စရာ ဖြစ်စေတယ် ထင်ရတယ်။ ဒါကြောင့်မို့ ဆူနာမီ အစမ်းလေ့ကျင့်ချက် လုပ်တယ်ထင်ပါတယ်။ ကျနော်တို့ ဖန်ငဒေသမှာဆိုရင် ဆူနာမီ အဓိကထိခဲ့တဲ့ ငါးဖမ်းကျေးရွာမှာ လုပ်တယ်။ ဆူနာမီ အများကြီးထိတဲ့နေရာမှာ လုပ်တယ်။ ဖန်င တခုတည်း မဟုတ်ဘဲ ကရာဘီတို့၊ ရနောင်း အပါအဝင် တခြား ခရိုင် ၆ ခုမှာ တပြိုင်တည်း လုပ်ကြတာ။ လေ့ကျင့်တာတော့ ၁ နာရီဝန်းကျင် ကြာတယ်။ ဖန်ငဘက်မှာ တကြိမ်လောက်တော့ ပုံမှန်လုပ်တယ်။ အခါအားလျော်စွာ သဘာဝဘေးအန္တရာယ်နဲ့ နီးစပ်လာတာ သို့မဟုတ် သူတို့အစိုးရပိုင်းတွေမှာ ဒါကိုလုပ်ဖို့ အစီအစဉ်ရှိတဲ့အခါ လုပ်ကြတယ်။ အခုက ငလျင်ကိစ္စတွေနဲ့ ရာသီဥတု ဖောက်ပြန်တာတွေ ရှိတဲ့အတွက် ကမ်းရိုးတန်းဒေသတွေမှာ လုပ်တာလို့ ယူဆတယ်” လို့ ပြောပါတယ်။

ထိုင်းတောင်ပိုင်းက ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာ နှစ်စဉ် ဆူနာမီ သတိပေးချက် အစမ်းလေ့ကျင့်မှုကို တနှစ်ကို နှစ်ကြိမ်နီးပါး နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ကမ်းခြေဒေသတွေမှာ ဆူနာမီဖြစ်ပြီးနောက်ပိုင်း ပုံမှန် ပြုလုပ်လေ့ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်၊ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ ဆူနာမီ ငလျင်လှိုင်းကြီးတွေကြောင့် အာရှ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ လူပေါင်း ၂၉၀,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013