DVB Logo
Home
Lead Story
ဖိလစ်ပိုင်တောင်ပိုင်း၌ အင်အား ၇ ဒသမ ၈ ရှိ ငလျင်ကြီးလှုပ်၊ ဆူနာမီသတိပေး
DVB
·
June 8, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဖိလစ်ပိုင်တောင်ပိုင်း၊ မင်ဒါနာအိုကျွန်းကမ်းလွန်မှာ ဒီနေ့မနက် ဇွန် ၈ ရက် ဒေသစံတော်ချိန်  ၇ နာရီ ၃၇ မိနစ်က ပြင်းထန်တဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။ 

ဒီငလျင်ကြောင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံတွေမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ 

ငလျင်ရဲ့ အင်အားနဲ့ အနက်ကိုတော့ နိုင်ငံတကာသုတေသနဌာနတွေက အမျိုးမျိုး ထုတ်ပြန်နေကြပါတယ်။ 

ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်လေ့လာရေးဌာနကတော့ ငလျင်အင်အား ၇ ဒသမ ၀ ရှိပြီး အနက် ၁၀ ကီလိုမီတာမှာ လှုပ်တယ်လို့ ဆိုပါတယ်။ 

အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) ကတော့ ငလျင်အင်အား ၇ ဒသမ ၈ ရှိပြီး အနက် ၃၅ ကီလိုမီတာလို့ ထုတ်ပြန်ထားတာပါ။ 

ဂျာမနီ ဘူမိသိပ္ပံ သုတေသနဌာန (GFZ) ကတော့ အနက် ၅၀ ကီလိုမီတာမှာ လှုပ်ပြီး အင်အား ၇ ဒသမ ၈ ရှိတယ်လို့ ဖော်ပြပါတယ်။ 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက သက်ဆိုင်ရာဌာနတွေကို ချက်ချင်း လုပ်ဆောင်ဖို့ ညွှန်ကြားထားပြီး မားကို့စ်က ပြည်သူတွေကို ကုန်းမြင့်ပိုင်း ပြောင်းရွှေ့ကြဖို့ တိုက်တွန်းပါတယ်။

ဆာရန်ဂါနီပြည်နယ်က ရဲမှူး ဘင်ဂျီအန်ချက်တာက "ဒါဟာ ကျနော်တို့ ကြုံဖူးသမျှထဲမှာ အပြင်းထန်ဆုံး ငလျင်ပါပဲ" လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေဟာ ငလျင်လှုပ်ခတ်လေ့ရှိတဲ့ ပစိဖိတ် မီးကွင်းဒေသ (Pacific Ring of Fire) ပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013