DVB Logo
Home
နိုင်ငံတကာ
ကင်ညာပြည်ထဲရေးဝန်ကြီးက ဆန္ဒပြသူများကို အာဏာသိမ်းရန် ကြိုးပမ်းသူများဟု စွပ်စွဲ
DVB
·
June 27, 2025
ကင်ညာပြည်ထဲရေးဝန်ကြီးက ဆန္ဒပြသူများကို အာဏာသိမ်းရန် ကြိုးပမ်းသူများဟု စွပ်စွဲ
Donate to DVB

ကင်ညာပြည်ထဲရေးဝန်ကြီး ကစ်ပ်ချွန်ဘာ မူရ်ကိုမန်ဟာ ဇွန် ၂၆ ရက်က အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆန္ဒပြသူတွေကို စွပ်စွဲလိုက်ပါတယ်။

မနေ့ညက မငြိမ်မသက်မှုတွေကြောင့် အနည်းဆုံး လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မူရ်ကိုမန်က ပြောဆိုခဲ့ပြီး လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်လာခဲ့ပြီးနောက်မှာ နိုင်ရိုဘီနဲ့ တခြားမြို့တွေမှာ လုယက်မှုနဲ့ မီးရှို့မှုတွေ ဖြစ်ပွားလာခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ “အစိုးရအပြောင်းအလဲ” လုပ်ဖို့ ကြိုးစားနေကြတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မူရ်ကိုမန်က ပြောကြားလိုက်ပြီး လွှတ်တော်နဲ့ သမ္မတရုံး၊ သမ္မတအိမ်တော်တို့ကို ချဉ်းကပ်ဖို့ ကြိုးပမ်းခဲ့တဲ့ လူအုပ်ကြီးကို ရဲတွေက မဖြစ်မနေ ထိန်းထားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ရာဇ၀တ်လုပ်ရပ်တွေ ကျူးလွန်တဲ့ မင်းမဲ့ဝါဒီတွေဟာ ပြည်သူတွေအပေါ် အကြမ်းဖက်မှု၊ လုယက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ဖျက်လိုဖျက်ဆီးမှု လှိုင်းလုံးတွေ ဖန်တီးခဲ့တယ်လို့ မူရ်ကိုမန်က ပြောပါတယ်။

“ဒါက သဘောထားကွဲလွဲမှုအသွင်ဆောင်တဲ့ အကြမ်းဖက်ဝါဒပါပဲ။ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲ မဟုတ်ဘဲ အဓိကရုဏ်းတွေ၊ ပရမ်းပတာတွေနဲ့ မင်းမဲ့စရိုက်တွေပါပဲ။ ဒါကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှု၊ လုယက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ပြည်သူတွေကို ဖျက်ဆီးခဲ့တဲ့ ရာဇ၀တ် မင်းမဲ့ဝါဒီတွေကို ပြတ်ပြတ်သားသား ရှုတ်ချပါတယ်။”

ထောင်နဲ့ချီတဲ့ ကင်ညာနိုင်ငံသားတွေဟာ ဇွန် ၂၅ ရက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြပြီး မနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လို့ အစပိုင်းမှာ ခေါ်ဆိုသုံးနှုန်းခဲ့တာပါ။

နောက်ပိုင်းမှာ အခုလအတွင်း ရဲအချုပ်ထဲမှာ ဘလော့ဂါတယောက် သေဆုံးမှုနဲ့ပတ်သက်လို့ လူအများက ဒေါသတကြီး ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013