
အီရန်မှာအသုံးပြုခဲ့တဲ့ ဂူထဲအထိထိုးဖောက်ဝင်ရောက်နိုင်တဲ့ ဘန်ကာခွဲဗုံးအမျိုးအစားကို စမ်းသပ်ပြထားတဲ့ ဗီဒီယို ရုပ်သံတခုကို အမေရိကန်စစ်တပ်ဟာ ဇွန် ၂၆ ရက်က ပင်တဂွန်သတင်းစာရှင်းလင်းပွဲမှာ ပြသမျှဝေခဲ့ပါတယ်။
ဗီဒီယိုမှာ မြင်တွေ့ရတဲ့ဗုံးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အီရန်နျူကလီးယား စီမံကိန်းနေရာတွေကို တိုက်ခိုက်ရာမှာ အမေရိကန်စစ်တပ်က အသုံးပြုခဲ့တဲ့ ဗုံးအမျိုးအစားနဲ့ တူညီပါတယ်။
အဲဒီဗီဒီယိုထဲမှာ စစ်ရေးလက်နက်ဖြစ်တဲ့ GBU-57 ဧရာမ မြေအောက်ထွင်းဖောက် ဘန်ကာဖျက် ဗုံးလက်နက်ရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ပြသနေသလိုမျိုး ထင်ရပါတယ်။
ဇွန် ၂၁ ရက်က အီရန်နိုင်ငံရဲ့ အဓိကနျူကလီးယားစခန်း ၃ ခုကို တိုက်ခိုက်မှုဟာ B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေရဲ့ အကြီးမားဆုံး စစ်ဆင်ရေးဖြစ်ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အယ်လ်ကိုင်ဒါရဲ့ တိုက်ခိုက်မှုအပြီးမှာ သာလွန်လုပ်ဆောင်ခဲ့တဲ့ ပျံသန်းခဲ့ဖူးသမျှထဲ ဒုတိယ အရှည်ကြာဆုံး B-2 စစ်ဆင်ရေးလည်း ဖြစ်ပါတယ်။
B-2 ဗုံးကြဲလေယာဉ်တွေဟာ ပေါင် ၃၀,၀၀၀ အလေးချိန်ရှိတဲ့ GBU-57 ဧရာမ မြေအောက်ထွင်းဖောက် ဘန်ကာဖျက်ဗုံး ၁၄ လုံးကို ကြဲချခဲ့တာပါ။ အဲဒီစစ်ဆင်ရေးမှာ အမေရိကန် စစ်လေယာဉ် ၁၂၅ စင်း ပါဝင်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်ကနေ သိရပါတယ်။
Source: Reuters