
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ယိုဟန်ဝါဒယ်ဖှူးက ဂျာမန်အစိုးရဟာ ရေငုပ်သင်္ဘောအသစ်တွေ တီထွင်ဖန်တီးဖို့နဲ့ တည်ဆောက်ဖို့ နော်ဝေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အစုစပ်လုပ်ငန်းအတွက် ကနေဒါကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်လို့ ဇွန် ၂၆ ရက်မှာ ပြောပါတယ်။
ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက “ဂျာမနီနဲ့ နော်ဝေတို့ ပူးပေါင်းပြီး ခေတ်မီရေငုပ်သင်္ဘောတွေ တည်ဆောက်နေပြီဖြစ်ပြီး ဒီကလပ်မှာ မိတ်ဖက်အနေနဲ့ ကနေဒါကို ကြိုဆိုချင်ပါတယ်” လို့ ဂျာမန်မြို့တော် ဘာလင်မှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီး အန်နီတာအန်နန်နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒါဟာ ဝယ်ယူရေးကိစ္စထက် ပိုနီးစပ်တဲ့ မိတ်ဖက်တွေကြား ပူးတွဲဗျူဟာမြောက် ညှိယူမှုတခုပါပဲ” လို့လည်း ဂျာမန်ဝန်ကြီးက ပြောပါတယ်။
ဂျာမန် နိုင်ငံခြားရေးဝန်ကြီးဟာ မြေထဲပင်လယ်ဒေသထဲက အရပ်သားပင်လယ်ပြင် ကယ်ဆယ်ရေးအဖွဲ့တွေအတွက် ရန်ပုံငွေဖြတ်တောက်ဖို့ ဂျာမန်အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် လုပ်သင့်လုပ်ထိုက်တယ်လို့ ပြောရင်း မှတ်ချက်ပေးခဲ့ပါတယ်။
“ဂျာမနီက လူသားမျိုးနွယ်အပေါ် ကတိကဝတ် ဆက်ရှိနေမယ်၊ အမြဲရှိနေမှာပါ” လို့ ဝန်ကြီးက ပြောပါတယ်။
ဒီပင်လယ်ကယ်ဆယ်ရေးပုံစံအတွက် ရန်ပုံငွေသုံးဖို့က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တာဝန်လို့ မယုံဘူးလို့လည်း ဝန်ကြီးက ပြောပါတယ်။
“ဒီလို ဒုက္ခသည်လှုပ်ရှားမှုတွေကို ကန့်သတ်ထားနိုင်တာ သေချာစေဖို့အတွက် သံတမန်နည်းလမ်းတွေကို သုံးဖို့က ကျနော်ရဲ့ မူဝါဒ ဖြစ်ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။
Source: Reuters