DVB Logo
Home
အားကစား
ရီးရဲလ်မက်ဒရစ်မှထွက်ခွာမည့် မိုဒရစ်ကို အေစီမီလန်အသင်း ခေါ်ယူမည်
DVB
·
June 27, 2025
ရီးရဲလ်မက်ဒရစ်မှထွက်ခွာမည့် မိုဒရစ်ကို အေစီမီလန်အသင်း ခေါ်ယူမည်
Donate to DVB

ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာတော့မယ့် ဝါရင့်ကွင်းလယ်ကစားသမား လူကာမိုဒရစ်ကို အေစီမီလန်အသင်းက ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ မက်ဒရစ်မှာ ၁၂ နှစ်ကြာ ကစားခဲ့ပြီး  ကလပ်ကမ္ဘာ့ဖလား အပြီးမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။

မိုဒရစ် အနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအထိ ပါဝင်ကစားနိုင်ဖို့ မျှော်မှန်းထားတာကြောင့် အသက် ၄၀ ပြည့်တော့မှာဖြစ်ပေမဲ့ အနားယူမှာမဟုတ်ဘဲ အီတလီစီးရီးအေဆီ ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့တာပါ။

မိုဒရစ်ကိုခေါ်ယူဖို့ အသင့်ရှိနေပြီး သူဟာ အသင်းရဲ့ အဓိက ကစားသမားအဖြစ် ဆုဖလားတွေ ရယူနိုင်စွမ်းရှိနေဆဲ ကစားသမားဖြစ်ကြောင်း အေစီမီလန်ဒါရိုက်တာ အစ်ဂလီတဲလ်က ပြောပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ မိုဒရစ်ဟာ အေစီမီလန်နဲ့ တနှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး တပတ်လုပ်ခ ပေါင် ၆၀,၀၀၀ ဝန်းကျင် ရရှိမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013