
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်တွေကို ဇွန် ၂၆ ရက် ဒီနေ့မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ထက်မနည်းသေဆုံး၊ ၂၂ ယောက် ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းမျိုးစုံလည်း သိမ်းဆည်းရမိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဟာ အထိအခိုက်တွေနဲ့ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့လို့ ၂၂ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်မျိုးစုံ ၂၈ လက်နဲ့ ခဲယမ်းတွေ၊ တခြားစစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေကို ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ စနစ်တကျထိန်းသိမ်းထားတယ်လို့လည်း အသိပေး ထုတ်ပြန်ထားပါတယ်။