DVB Logo
Home
နိုင်ငံတကာ
အမေရိကန် အဆိုပြုချက် အီရန် တုံ့ပြန်မှု လုံးဝလက်မခံနိုင်ဟု ထရမ့်ပ် ပြော
DVB
·
May 11, 2026
Photo: REUTERS/Nathan Howard
Photo: REUTERS/Nathan Howard
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စစ်ပွဲအဆုံးသတ်ဖို့ အီရန်ရဲ့ တုံ့ပြန်ချက်ဟာ “လုံးဝ လက်ခံနိုင်စရာ မရှိဘူး” လို့ မေ ၁၁ ရက်မှာ ပယ်ချလိုက်ပါတယ်။

ပါကစ္စတန်ကတဆင့် ပေးပို့တဲ့ အီရန်ရဲ့ အဆိုပြုချက်ထဲမှာ စစ်မျက်နှာအားလုံးမှာ စစ်ပွဲကို ချက်ချင်း အဆုံးသတ်ဖို့၊ အီရန်ဆိပ်ကမ်းတွေအပေါ် အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့မှု ရပ်ဆိုင်းဖို့၊ အီရန်ကို နောက်ထပ် ထပ်မတိုက်ပါဘူးလို့ အာမခံချက်ပေးဖို့တွေ ပါဝင်ပါတယ်။

စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှု အဆင်ပြေဖို့ ရည်ရွယ်တဲ့ အပစ်အခတ်ရပ်စဲမှုဟာ ရံဖန်ရံခါ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိပေမဲ့ အများအားဖြင့် တည်မြဲနေဆဲ ဖြစ်ပါတယ်။

မေ ၁၀ ရက်မှာ အီရန်သမ္မတ မာဆွတ်ပေဇက်ရှ်ခီယန်က “ရန်သူရှေ့မှာ ကျုပ်တို့ ဘယ်တော့မှ ဦးမညွှတ်ဘူး။ တွေ့ဆုံဆွေးနွေးမှု၊ ညှိနှိုင်းမှုဆိုတာ လုပ်ရင်လည်း အဲဒါဟာ လက်နက်ချတာ၊ နောက်ဆုတ်ပေးတာမျိုးကို မဆိုလိုဘူး” လို့ ပြောပါတယ်။

သမ္မတထရမ့်ပ်ကလည်း “ကိုယ်စားလှယ်ဆိုတဲ့သူတွေဆီက တုံ့ပြန်မှုကို ကျုပ်ဖတ်ရပါတယ်။ ကျုပ် လုံးဝသဘောမကျဘူး၊ လုံးဝ လက်မခံနိုင်ဘူး” လို့ Truth Social မှာ ရေးသားပါတယ်။

အမေရိကန်ရဲ့ အချက် ၁၄ ချက်ပါ အဆိုပြုချက်မှာ အီရန်နျူကလီးယားသန့်စင်မှု ရပ်ဆိုင်းဖို့၊ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့နဲ့ ဟော်မုဇ်ရေလက်ကြားမှ လွတ်လပ်စွာသွားလာမှု ပြန်လည်ခွင့်ပြုဖို့တွေ ပါဝင်ပါတယ်။

အီရန်က ဟော်မုဇ်ကို ဆက်ပိတ်ဆို့ထားသလို အမေရိကန်လည်း အီရန်ဆိပ်ကမ်းတွေကို ဆက်ပိတ်ဆို့ထားပါတယ်။

စစ်ပွဲအဆုံးသတ်ရေး မရေမရာ ပြန်ဖြစ်လာတာကြောင့် ကမ္ဘာ့ရေနံဈေးဟာ တစည်ကို ၃ ဒေါ်လာလောက် ချက်ချင်းပြန်တက်သွားပါတယ်။

Brent ရေနံဈေးဟာ မေ ၁၁ ရက် အစောပိုင်းမှာ တစည်ကို ၁၀၅ ဒေါ်လာကျော်အထိ ပြန်တက်လာပါတယ်။

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ပြီးခဲ့တဲ့ နှစ်လအတွင်း ရေနံစည် သန်း ၁,၀၀၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ Saudi Aramco ရေနံကုမ္ပဏီ CEO က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013