
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က နိုင်ငံရဲ့ စီးပွားရေးဟာ ပြည်တွင်းစားသုံးမှုနဲ့ ပို့ကုန်တင်ပို့မှု ကဏ္ဍတွေမှာ “အဆိုးဆုံးအခြေအနေ” မှာ ရှိနေတယ်လို့ ပြောရင်း အပိုအစိုးရအသုံးစရိတ် ဒေါ်လာ ၁၄ ဒသမ ၇ ဘီလီယံကို အတည်ပြုဖို့ ဇွန် ၂၆ ရက်မှာ လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။
ဇွန် ၂၆ ရက်က အမျိုးသားလွှတ်တော်ကို ပြောချိန်မှာ အီက လာမယ့်နှစ်တွေအတွင်း အခွန်မလုံလောက်မှု လျှော့ချဖို့ဟာ အစိုးရဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အရေးကြီးလို့ ဘဏ္ဍာရေးအသုံးစရိတ်ကို ထိန်းညှိဖို့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
“ဘဏ္ဍာရေးဆိုင်ရာ ခိုင်မာမှုရှိဖို့၊ ဘတ်ဂျက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုနဲ့ အတည်ပြုချက်အပေါ် အမျိုးသားလွှတ်တော်ရဲ့ အခွင့်အာဏာကို လေးစားလိုက်နာဖို့ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ” လို့လည်း အီက တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောခဲ့ပါတယ်။
“တောင်ကိုရီးယားဟာ ထူးထူးခြားခြား ဆိုးရွားတဲ့ ကာလတခုကို ဖြတ်သန်းနေပါတယ်” လို့လည်း သမ္မတက ပြောခဲ့ပါတယ်။
Source: Reuters