DVB Logo
Home
နိုင်ငံတကာ
ဝရမ်းပြေး ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဖီတိုကို ပြန်လည်ဖမ်းဆီး
DVB
·
June 26, 2025
ဝရမ်းပြေး ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဖီတိုကို ပြန်လည်ဖမ်းဆီး
Donate to DVB

အီကွေဒေါနိုင်ငံရဲ့ အလိုအရှိဆုံး ဝရမ်းပြေးဖြစ်တဲ့ လော့စ်ချိုနေးရိုးစ် ရာဇ၀တ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ဖီတိုကို မနှစ်တုန်းက အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သမ္မတ ဒန်နီရယ် နိုဘိုအာက ဇွန် ၂၅ ရက်မှာ ပြောပါတယ်။

သူ ပြန်အဖမ်းခံရပြီးနောက် ဇွန် ၂၅ ရက် ညပိုင်းမှာ ဖီတိုကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ ဂါယာကွီးလ်မှာ ဆင်းသက်ခဲ့ပါတယ်။

အီကွေဒေါ ပြည်ထဲရေးဝန်ကြီး ဂျွန်ရိမ်းဘာ့ဂ်က  “လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမျိုးသားရဲတွေရဲ့ လုံခြုံရေးပိတ်ဆို့မှု ၁၀ နာရီကြာ စစ်ဆင်ရေးအပြီးမှာ ဖီတိုကို ဖမ်းမိသွားခဲ့ပြီး ဒါဟာ လုံခြုံရေး ပိတ်ဆို့ခြင်းကနေ အောင်မြင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖီတိုလို့ သိကြတဲ့ ဟိုဆေအဒိုလ်ဖှို မာစီးယပ်စ်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီက သူ့ကိုဖမ်းဆီးထားတဲ့ ဂါယာကွီးလ် အကျဉ်းထောင်ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ရုပ်မြင်သံကြားဌာနတခုမှာ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေတုန်း လက်နက်ကိုင် အမျိုးသားတွေ ကျူးကျော်ဝင်ရောက်မှုနဲ့ အကျဉ်းထောင်ဝန်ထမ်း ၂၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးထားတာတွေ အပါအဝင် အကြမ်းဖက်ဖောက်ခွဲမှုတွေလည်း ဖြစ်ပွားနေတာပါ။

မာစီးယပ်စ်ကို အမေရိကန်ကို လွှဲအပ်ဖို့ အီကွေဒေါက တောင်းဆိုခဲ့ကြောင်း သမ္မတ နိုဘိုအာက ပြောကြားခဲ့ပြီး မာစီးယပ်စ်ဟာ နယူးယောက်ရှိ ဖက်ဒရယ်တရားရုံးမှာ နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ သေနတ်စွဲချက်တွေနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။

မာစီးယပ်စ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ လူသတ်မှု အပါအဝင် ရာဇ၀တ်မှုမျိုးစုံအတွက် ၂၀၁၁ ခုနှစ်မှာ ထောင်ဒဏ် ၃၄ နှစ် ချမှတ်ခံခဲ့ရတာပါ။

အမေရိကန်ပြည်ထောင်စုဟာ လော့စ်ချိုနေးရိုးစ် ရာဇ၀တ်ဂိုဏ်းကို မနှစ်တုန်းက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီး သူတို့ဟာ ၁၉၉၀ ခုနှစ်တွေကတည်းက မူးယစ်ဆေးဝါး မှောင်ခိုမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောထားပါတယ်။

အဲဒီဂိုဏ်းဟာ လူတွေပြည့်ကျပ်နေတဲ့ အကျဉ်းထောင်တွေအတွင်း အပါအဝင် ၂၀၂၀ ခုနှစ်ကတည်းက နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ပြင်းထန်လာစေတဲ့ အဓိကလုပ်ဆောင်သူတွေ လို့လည်း စွပ်စွဲထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013