DVB Logo
Home
နိုင်ငံတကာ
NATO နိုင်ငံများ ထပ်တိုးကာကွယ်ရေးစရိတ်ဖြင့် အမေရိကန်လက်နက်ဝယ်ရန် ထရမ့်ပ် တိုက်တွန်း
DVB
·
June 26, 2025
NATO နိုင်ငံများ ထပ်တိုးကာကွယ်ရေးစရိတ်ဖြင့် အမေရိကန်လက်နက်ဝယ်ရန် ထရမ့်ပ် တိုက်တွန်း
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တောင်းဆိုတဲ့အတိုင်း ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ကြဖို့ NATO အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ ဇွန် ၂၅ ရက်မှာ သဘောတူညီခဲ့ကြပါတယ်။

အဖွဲ့ဝင်တနိုင်ငံ တိုက်ခိုက်ခံရရင် ကျန်နိုင်ငံတွေက ဝိုင်းဝန်းကာကွယ်ပေးဖို့ ကတိကဝတ်ကိုလည်း ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်။

NATO ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ထရမ့်ပ်က “ထပ်တိုးကာကွယ်ရေး အသုံးစရိတ်တွေကို အမေရိကန်မှာလုပ်တဲ့  စစ်လက်နက်တွေ ဝယ်ရာမှာ သုံးဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သတ်မှတ်ချက်အသစ်ဖြစ်တဲ့ ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းအထိ စစ်ရေးအသုံးစရိတ် တိုးမသုံးချင်တဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်စ်ကိုတော့ ပြစ်ဒဏ်ခတ်မယ်” လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

တခြား ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ယှဉ်ရင် စပိန်နိုင်ငံဟာ ပိုတင်းမာတဲ့ ကုန်သွယ်ရေး သဘောတူညီချက်မျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ထရမ့်ပ်က သတိပေးပါတယ်။

အဖွဲ့ဝင် ၃၂ နိုင်ငံဟာ ဝါရှင်တန်စာချုပ် ပုဒ်မ ၅ မှာ ဖော်ပြထားတဲ့အတိုင်း စုပေါင်းကာကွယ်မှုအပေါ် သံမဏိလိုခိုင်မာတဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်း သုံးရမယ်ဆိုတဲ့ ရည်မှန်းချက်ကနေ ၅ ရာခိုင်နှုန်းအထိ လာမယ့် ၁၀ နှစ်အတွင်း တိုးမြှင့်သွားရမှာ ဖြစ်ပါတယ်။

အဲဒီအထဲမှာမှ စစ်သည်၊ လက်နက်တို့လို ပင်မကာကွယ်ရေးအတွက် ၃ ဒသမ ၅ ရာခိုင်နှုန်း၊  ဆိုက်ဘာလုံခြုံရေး၊ ပိုက်လိုင်းကာကွယ်ရေး၊ စစ်လက်နက်ယန္တရား သယ်ယူရေးအတွက် လမ်းနဲ့ တံတားတွေ အဆင့်မြှင့်ရေးတွေမှာ ၁ ဒသမ ၅ ရာခိုင်နှုန်း သုံးစွဲမှာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံဟာ အဖွဲ့ဝင်မဟုတ်တဲ့အတွက် သမ္မတ ဇလန်းစကီးဟာ ထိပ်သီးဆွေးနွေးပွဲအကြို ညစာစားပွဲပဲ တက်ရောက်ခဲ့သလို ထရမ့်ပ်နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013