
အစာအိမ်ပြဿနာ ခံစားခဲ့ရတဲ့ ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေဟာ ကိုယ်အလေးချိန် အလွန်ကျဆင်းသွားခဲ့ပါတယ်။
အမ်ဘာပေဟာ ကလပ်ကမ္ဘာ့ဖလားကစားနေတဲ့ ရီးရဲလ်အသင်း လူစာရင်းမှာ ပါဝင်ပေမဲ့ အစာအိမ် ရောင်ရမ်းပြီး အဖျားဝေဒနာတွေ ခံစားခဲ့ရလို့ ဆေးရုံတင်ခဲ့ရပြီး အသင်းရဲ့ အဖွင့်ပွဲစဉ် ၂ ပွဲစလုံးလွဲချော်ခဲ့ရတာပါ။
လက်ရှိအချိန်မှာ ပြန်လည်သက်သာလာပေမဲ့ ကိုယ်အလေးချိန် အလွန်ကျဆင်းသွားတာကို အသင်းက ထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာ တွေ့မြင်နိုင်ပါတယ်။
အမ်ဘာပေအနေနဲ့ ၁၁ ပေါင်လောက် ကျဆင်းသွားခဲ့ပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုလည်း အားနည်းသွားကြောင်း စပိန်သတင်းစာ မာကာက ရေးသားခဲ့ပါတယ်။
နည်းပြ အလွန်ဆိုကတော့ အမ်ဘာပေဟာ ဝေဒနာတွေကနေ သက်သာလာပြီဖြစ်ပေမဲ့ ရာသီဥတုကလည်း ပူပြင်းတာကြောင့် ပွဲကစားဖို့အတွက် အဆင်မပြေနိုင်သေးကြောင်း ပြောသွားပါတယ်။