
ဘာစီလိုနာအသင်းဟာ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မနှစ်ကရာသီဝက်ကာလမှာ ဗီလာအသင်းဆီ အငှားချခံခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ကို မန်ယူအသင်းက ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတာပါ။
ဒါပေမဲ့ ဘာစီလိုနာအသင်းဘက်က ရက်ရှ်ဖို့ဒ် ရရှိနေတဲ့ တပတ်လုပ်ခ ပေါင် ၃ သိန်းအထိ ပေးချေလိုခြင်း မရှိတာကြောင့် လုပ်ခတစိတ်တပိုင်းကို ပေးချေပြီး အငှားစာချုပ်နဲ့ခေါ်ယူဖို့ စီစဉ်လာခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်းက စပိန်တောင်ပံကစားသမား နီကိုဝီလီယံကို ခေါ်ယူဖို့လည်း ဆွေးနွေးနေပါတယ်။
ရက်ရှ်ဖို့ဒ်ဘက်ကတော့ ဘာစီလိုနာကြယ်ပွင့် လာမိန်းယာမဲလ်နဲ့ တွဲဖက်ကစားချင်ကြောင်း စပိန် Yutuber တွေနဲ့ အင်တာဗျူးမှာ အတိအလင်းပြောထားပါတယ်။