DVB Logo
Home
နိုင်ငံတကာ
ကယ်လီဖိုးနီးယား ဗုံးခွဲမှု သံသယရှိသူ ထိန်းသိမ်းခံထားရစဉ် သေဆုံး
DVB
·
June 25, 2025
ကယ်လီဖိုးနီးယား ဗုံးခွဲမှု သံသယရှိသူ ထိန်းသိမ်းခံထားရစဉ် သေဆုံး
Donate to DVB

မေလအတွင်းက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားရှိ သားဖွားမီးယပ်ဆေးခန်း ဗုံးခွဲမှုမှာ သံသယရှိသူတယောက်ဟာ ထိန်းသိမ်းခံနေရချိန် သေဆုံးသွားခဲ့ကြောင်း ဖက်ဒရယ် အကျဉ်းထောင်များဆိုင်ရာဗျူရိုက ဇွန် ၂၄ မှာ မှာ ပြောပါတယ်။

လော့စ်အိန်ဂျလိစ်မြို့ရှိ မက်ထရိုပိုလီတန် ထိန်းသိမ်းရေးစင်တာမှာ ဝါရှင်တန်ပြည်နယ်မှ အသက် ၃၂ ​​နှစ်အရွယ် ဒယ်နီယယ်လ် ပါ့ခ်ကို လှုပ်ရှားမှုမရှိတော့တာ တွေ့ရှိခဲ့ကြောင်း အကျဉ်းထောင်များဆိုင်ရာ ဗျူရိုက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကျဉ်းထောင်ဝန်ထမ်းတွေဟာ စစချင်း ဒယ်နီယယ်လ် ပါ့ခ်ကို  အသက်ကယ် အစီအမံတွေ လုပ်ဆောင်ပေးခဲ့ပြီးနောက် သူ့ကို နယ်မြေခံဆေးရုံကို ပို့ဆောင်ခဲ့ကာ အဲဒီမှာ သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ 

FBI နဲ့ အမေရိကန် တရားရေးဝန်ကြီးဌာနအောက်ရှိ မာရှယ်လ်စ် ဆားဗစ်စ် တို့ကို အကြောင်းကြားခဲ့ကြောင်း ဗျူရိုက ပြောကြားခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပုံစံတို့ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ 

လော့စ်အိန်ဂျလိစ်မြို့ အရှေ့ဘက် မိုင် ၁၀၀ လောက် အကွာရှိ ပါးလ်မ် စပရင်းင်စ် ဆေးခန်းမှာ မေလ ၁၇ ရက်က ဗုံးခွဲတိုက်ခိုက်မှုအပြီး ဇွန်လမှာ  ဒယ်နီယယ်လ် ပါ့ခ် ဖမ်းဆီးခံခဲ့ရတာပါ။  ဗုံးခွဲမှုကြောင့် လူတယောက် သေဆုံးပြီး အဓိကသံသယရှိသူ ဂိုင် ဘာ့ထ်ကပ်စ်နဲ့ တခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒယ်နီယယ်လ် ပါ့ခ်ဟာ ဘာ့ထ်ကပ်စ်အတွက် ဖောက်ခွဲရေးသုံး ဓာတုပစ္စည်းဖြစ်တဲ့ အမိုနီယမ် နိုက်ထရိတ် ၂၇၀ ပေါင်ကို ထိန်းသိမ်းပေးထားခဲ့ကြောင်းနဲ့ သူဟာ ဘာ့ထ်ကပ်စ်ရဲ့ အမြင်သဘောထားတွေကို မျှဝေခဲ့ကြောင်း တာဝန်ရှိသူတွေက စွပ်စွဲထားပါတယ်။ 

ဒယ်နီယယ်လ်ပါ့ခ် ဟာ ဗုံးပေါက်ကွဲချိန်မှာ ကယ်လီဖိုးနီးယားမှာ မရှိခဲ့ဘဲ ဗုံးခွဲမှုအပြီးမှာ သူ့ကို ပိုလန်အာဏာပိုင်တွေက ပိုလန်မှာ ဖမ်းဆီးခဲ့ပြီးတော့ အမေရိကန်အာဏာပိုင်တွေက သူ့ကို နယူးယောက်မှာ ထိန်းသိမ်းထားရှိခဲ့တာပါ။

ဒယ်နီယယ်လ် ပါ့ခ် ဟာ ဇွန် ၁၃ ရက်က လော့စ်အိန်ဂျလိစ်မြို့ကို ရောက်ရှိလာခဲ့ပြီး ပိုင်ဆိုင်မှုကို အန္တရာယ်ပြုဖို့ ရည်ရွယ်ဖျက်ဆီးမှုနဲ့ စွဲချက်တင်ခံရပြီးနောက် ရုံးတင်စစ်ဆေးမှုကို စောင့်ဆိုင်းနေတာဖြစ်ကြောင်း အကျဉ်းထောင်ဗျူရိုက ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013