DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်
DVB
·
June 25, 2025
ပြင်ဦးလွင်တွင် ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၀ အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ဇွန် ၂၅ ရက် ဒီနေ့မွန်းလွဲပိုင်းက ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့် ငလျင်တခုလှုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မွန်းလွဲ ၂ နာရီ ၁ မိနစ်မှာ လှုပ်တာဖြစ်ပြီး မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ် မူတည်ပြီးတော့ ငလျင်အင်အားပမာဏ နည်းနည်းကွာခြားနိုင်သလို  စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ထိခိုက်ဆုံးရှုံးတာတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကလည်း ချမ်းမြသာစည်မြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၂ မိုင်လောက်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၃ ဒသမ ၉ အဆင့်ငလျင်လှုပ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၄၇ မိနစ်ကလည်း ကော့သောင်းမြို့ရဲ့ အနောက်မြောက်ဘက် ပင်လယ်ထဲမှာ  အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်တကြိမ်၊ ည ၇ နာရီ ၄၂ မိနစ်ကလည်း အဲဒီနေရာဝန်းကျင်မှာ အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ အဆင့်ရှိတဲ့ ငလျင်တကြိမ် လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013