DVB Logo
Home
နိုင်ငံတကာ
၁၂ ရက်ကြာ တိုက်ပွဲတွင် အီရန်က ၆၁၀ နှင့် အစ္စရေး ၂၈ ဦး သေဆုံး 
DVB
·
June 25, 2025
၁၂ ရက်ကြာ တိုက်ပွဲတွင် အီရန်က ၆၁၀ နှင့် အစ္စရေး ၂၈ ဦး သေဆုံး 
Donate to DVB

ဇွန် ၁၃ ရက်မှ ဇွန် ၂၄ ရက်အထိ အီရန်-အစ္စရေး ၁၂ ရက်ကြာ တိုက်ပွဲအတွင်း အီရန်မှာ လူပေါင်း ၆၁၀ ယောက်  သေဆုံးခဲ့ပြီး အစ္စရေးမှာ ၂၈  ယောက် သေဆုံးခဲ့ပါတယ်။ 

အီရန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လူမူကွန်ရက်မှာ ဖော်ပြချက်အရ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၆၁၀  ယောက်  သေဆုံးပြီး ၄၇၄၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

အစ္စရေးစစ်တပ်ရေဒီယိုရဲ့ ထုတ်ပြန်ချက်မှာလည်း အီရန်ဟာ ဘီလစ်စတစ်ဒုံးကျည်ပေါင်း ၅၀၀ ကနေ ၅၅၀ အထိ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် အဆောက်အအုံတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ပြီး အစ္စရေး ၂၈ ယောက် သေဆုံးခဲ့ပါတယ်။ 

အီရန်သမ္မတကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှု ပြီးဆုံးပြီဖြစ်ကြောင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့လိုကြောင်း ဇွန် ၂၄ ရက်က ပြောကြားခဲ့ပါတယ်။ 

အီရန်ဟာ စားပွဲဝိုင်းဆွေးနွေးမှုကို ပြန်လုပ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဇွန် ၂၄ ရက်ကပဲ အစ္စရေးစစ်တပ်ကလည်း ဂါဇာကို ပြန်ပြီး အာရုံစိုက်မယ်လို့ ကြေညာခဲ့ပါတယ်။ ဟားမတ်တို့ရဲ့ ဒေသအုပ်ချုပ်မှုကို ဖျက်သိမ်းဖို့နဲ့ ဓားစာခံတွေကို ကယ်တင်ဖို့ အစ္စရေးစစ်တပ်က ဦးစားပေးဆောင်ရွက်မယ်လို့ ဆိုပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013