DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာတွင် စစ်တပ်နှင့် ရဲက ဘုရားကျောင်းထဲစီးနင်းပြီး အရပ်သား ၁ ဦးကို ရိုက်နှက် 
DVB
·
June 25, 2025
လေးမျက်နှာတွင် စစ်တပ်နှင့် ရဲက ဘုရားကျောင်းထဲစီးနင်းပြီး အရပ်သား ၁ ဦးကို ရိုက်နှက် 
Donate to DVB

  

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုရွာအနီး လက်သမားကျေးရွာက ခရစ်ယာန်ဘုရားကျောင်းမှာ PDF တွေနဲ့ AA တပ်တွေရှိတယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ကျောင်းအတွင်းရှိ အရပ်သားတယောက်ကို ထိုးကြိတ် ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၂၀ ဝန်းကျင်က ဇွန် ၂၀ ရက် ည ၉ နာရီလောက်မှာ ခရစ်ယာန်ဘုရားကျောင်းမှာ PDF တွေနဲ့ AA တပ်တွေရှိတယ်ဆိုပြီး ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။ 

ဒေသခံအရပ်သားတယောက်က “ည ၉ နာရီလောက်ကြီး ရဲနဲ့ စစ်သားတွေက ဘုရားကျောင်းထဲကို ဝင်ရောက်စီးနင်းတာ။ ဘုရားကျောင်းထဲမှာက အရပ်သားတယောက်ပဲ ရှိတယ်။ သူကလည်း အစောင့်နေတာပါ။ သူ့ကို ဒူးထောက်ခိုင်းထားပြီး ဘုရားကျောင်းအနှံ့ ရှာသွားတာ” လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ရဲတွေက ခရစ်ယာန်ဘုန်းကြီးကျောင်းထဲမှာ PDF နဲ့ AA တပ်တွေ ရောက်နေတယ်ဆိုတဲ့ သတင်းပေးတဲ့လူရှိလို့ လာရှာတာဆိုပြီး ကျောင်းတံခါးတွေကို ရိုက်ချိုး ဖျက်ဆီးရှာဖွေခဲ့တာလို့ ဆိုပါတယ်။ 

ဒေသခံတယောက်က “စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက လက်နက်အားကိုးနဲ့ အကုန်လုပ်နေတာ။ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ မရှိတော့ဘူး၊ မလိုက်နာတော့ဘူး။ အခုလည်း စစ်ကောင်စီ တပ်သားတွေက ဘုရားကျောင်းထဲကို ဝင်ရောက်စီးနင်းရင်းနဲ့ ဘုရားကျောင်းထဲ ရှိနေသူယောက်ကို မချေမငံပြောတယ် ဆိုပြီးတော့ လက်ထိတ်ခတ်ပြီး ထိုးကြိတ်ခဲ့သေးတာ” လို့ ပြောပါတယ်။ 

အဲဒီ ခရစ်ယာန်ဘာသာဝင်တွေ ဦးထိပ်ထားတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်နဲ့ ရဲတွေက မင်းမဲ့စရိုက်ဆန်ဆန် ဝင်ရောက်စီးနင်းခဲ့တာကြောင့် ခရစ်ယာန် ဘုရားကျောင်းတာဝန်ရှိသူတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ 

အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဟာ လေးမျက်နှာမြို့နယ် ပုသိမ်-မုံရွာ လမ်းဘေးတလျှောက်က ကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013