
တရုတ်ဝန်ကြီးချုပ်လီချန်းဟာ တရုတ်နိုင်ငံကို ရောက်နေတဲ့ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်နဲ့ တီယန်ကျင့်မြို့မှာ ဇွန် ၂၄ ရက် အင်္ဂါနေ့က တွေ့ခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနဲ့ တရုတ်သမ္မတ ဖြစ်သူ ရှီကျင့်ဖျင်ရဲ့ ဧပြီ ဗီယက်နမ် ခရီးစဉ်တုန်းက ရလဒ်တွေကို အကောင်အထည်ဖော်ဖို့ ဗီယက်နမ်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့ လီက ပြောပါတယ်။
လွတ်လပ်စွာကုန်သွယ်မှုနဲ့ နိုင်ငံစုံ ကုန်သွယ်မှုစနစ်တို့ကို ပူးတွဲကာကွယ်ပေးဖို့၊ ပြည်သူချင်း ကူးလူးဖလှယ်မှုနဲ့ တခြားနယ်ပယ်တွေ၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ချိတ်ဆက်ရေးအတွက် အဆင်မြင့် ပူးပေါင်းဆောင်ရွက်ရေး၊ စင်္ကြံ ၂ သွယ် စီးပွားရေးရပ်ဝန်းတခု ဗျူဟာနဲ့ ခေတ်သစ်ပိုးလမ်း ကနဦးခြေလှမ်းကို စုပေါင်းညှိုနှိုင်း အကောင်အထည်ဖော်ရင်း ရလဒ်တွေ ရလာအောင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့၊ ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာတွေကြား ဘက်စုံရလဒ်တွေကို တည်ဆောက်ရာမှာ အရှိန်မြှင့်ဖို့ လီချန်းက ဆော်ဩ ခဲ့ပါတယ်။
မြင့်မားတဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့၊ စီးပွားရေး၊ ကုန်သွယ်မှု၊ ယဉ်ကျေးမှုနဲ့ တခြား နယ်ပယ် တွေမှာ ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့နဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်ဖို့ ၂ နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေရဲ့ အရေးကြီးတဲ့ သဘော တူညီချက်ကို အကောင်အထည်ဖော်ဖို့ ဗီယက်နမ်က တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်လို့ ဖန်မင်ချင်က ပြောပါတယ်။
Source:Reuters