DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် ဘယ်လာရုစ်နိုင်ငံသို့ ထွက်ခွာ
DVB
·
June 25, 2025
စစ်ခေါင်းဆောင် ဘယ်လာရုစ်နိုင်ငံသို့ ထွက်ခွာ
Donate to DVB

စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025)ကို တက်ရောက်ဖို့ ဘယ်လာရုစ်နိုင်ငံကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်လေဆိပ်ကနေ ဇွန် ၂၅ ရက် ဒီကနေ့မနက် ၁၀ နာရီက ထွက်ခွာသွားပါတယ်။

ဘယ်လာရုစ်နိုင်ငံကို မသွားခင်မှာ ဒီကနေ့ မနက် နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ PEACE FORUM မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“Peace ဖိုရမ်မှာ အဖွင့်အမှာစကားပြောပြီးမှ သွားတာ။ ဘယ်လာရုစ်ရော၊ ရုရှားရော သွားမှာဆိုတော့ ၃ ရက် ၄ လောက်ကြာမယ့် ရွေးကောက်ပွဲကိစ္စလည်း ပါသလို စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဖို့ကိစ္စလည်း ပါတယ်။” 

စစ်ခေါင်းဆောင်က ဘယ်လာရုစ်နဲ့ ရုရှားခရီးစဥ်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ကံဇော်နဲ့ ဒုဝန်ကြီးတွေ၊ စစ်ဘက်၊ နယ်ဘက်က အရာရှိကြီးတွေကို ခေါ်သွားပါတယ်။

ဒီခရီးစဥ်မှာ စစ်ခေါင်းဆောင်အနေနဲ့ ဘယ်လာရုစ်သမ္မတ၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့  ဥက္ကဋ္ဌ နဲ့ သီးခြားတွေ့ဆုံမှာဖြစ်သလို ကိုယ်စားလှယ်အဖွဲ့ကလည်း နှစ်နိုင်ငံ ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးကိစွတွေ EAEU အဖွဲ့ဝင်နိုင်ငံတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၇ ရက်က ရုရှား၊ ဘယ်လာရုစ်ခရီးစဥ်မှာ စစ်ခေါင်းဆောင်က ရုရှားသမ္မတပူတင်ကို ဘုရားလောင်းကြွက်မင်းစာအုပ် လက်ဆောင်ပေးခဲ့သလို ဘယ်လာရုစ် သမ္မတ လူကာရှန်ကို အဂ္ဂမဟာသရေ စည်သူဘွဲ့ ပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013