
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာကျင်းပတဲ့ ဥရောပ-ကနေဒါ ထိပ်သီးအစည်းအဝေးအပြီး ဇွန် ၂၃ ရက်မှာ ဥရောပသမဂ္ဂနဲ့ ကနေဒါတို့ လုံခြုံရေးသဘောတူညီချက်အသစ်ကို ကြေညာခဲ့ပါတယ်။
အမေရိကန်သမ္မတ၊ ရုရှားနဲ့ အရှေ့အလယ်ပိုင်းက မတည်ငြိမ်မှုတွေ အပါအဝင် နှစ်ဘက်လုံး ပထဝီဝင်နိုင်ငံရေး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရလို့ ထိပ်သီးဆွေးနွေးပွဲဟာ ရင်းနှီးပြီးသား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ ရည်ရွယ်ထားပါတယ်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်၊ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာနဲ့ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးတို့က ထိပ်သီးအစည်းအဝေးအပြီး လုံခြုံရေးနဲ့ ကာကွယ်ရေးသဘောတူညီချက်ကို ကြေညာခဲ့တာပါ။
မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမှာ အကျပ်အတည်းစီမံခန့်ခွဲမှု၊ ဆိုက်ဘာ၊ ရေကြောင်းနဲ့ အာကာသလုံခြုံရေး၊ လက်နက်ထိန်းချုပ်ရေးနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ရုရှားက ကျူးကျော် ဝင်ရောက်ခဲ့တဲ့ ယူကရိန်းအတွက် ပံ့ပိုးကူညီမှုတွေ ပါပါတယ်။
ဒီသဘောတူညီချက်က ကနေဒါကုမ္ပဏီတွေအတွက် ယူရို ၁၅၀ ဘီလီယံ (ဒေါ်လာ ၁၇၂ ဘီလီယံ) တန်ဖိုးရှိတဲ့ EU ပူးတွဲဝယ်ယူရေးအစီအစဉ် SAFE ဆီဝင်ရောက်နိုင်ဖို့ လမ်းခင်းပေးမှာ ဖြစ်ပါတယ်။
Source:Reuters