DVB Logo
Home
နိုင်ငံတကာ
တရုတ်တွင် ရေကြီးရာသီမတိုင်မီ မြစ်ဝါမြစ်က အနည်အနှစ်များကို ဖယ်ရှား
DVB
·
June 24, 2025
တရုတ်တွင် ရေကြီးရာသီမတိုင်မီ မြစ်ဝါမြစ်က အနည်အနှစ်များကို ဖယ်ရှား
Donate to DVB

တရုတ်နိုင်ငံက နှစ်စဉ် ကြိုးပမ်းအားထုတ်မှုအနေနဲ့ နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြစ်ဝါမြစ်က အနည်အနှစ်တွေကို ရေကြီးတဲ့ရာသီ မတိုင်မီ ဇွန် ၂၃ ရက်မှာ ဖယ်ရှားနေပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် ရှောင်းလန်းတိ ရေလှောင်ကန်ရဲ့ တံခါးသုံးပေါက်က ရေတွေကို တနင်္လာမနက်ကစပြီး ဖွင့်ချခဲ့တာပါ။

လုပ်ငန်းစဉ်က ၁၇ ရက်လောက် ကြာမှာဖြစ်ပြီး ခန့်မှန်းခြေ အမှိုက်နဲ့ သဲတန်ချိန် သန်း ၁၀၀ လောက်ကို မြစ်ထဲကနေ ဖယ်မှာဖြစ်ပါတယ်။

မြစ်ဝါမြစ်ဟာ တရုတ်နိုင်ငံ လိုဝက်စ် ကုန်းပြင်မြင့်ဒေသကို ဖြတ်သန်းစီးဆင်းချိန်မှာ အနည်အနှစ် တန်ချိန် ၁ ဒသမ ၆ ဘီလီယံလောက် စုပုံလာလေ့ ရှိပါတယ်။

မြစ်ဝါမြစ်ဟာ ကမ္ဘာပေါ်က တခြားမြစ်ကြီးတွေထက် အနည်ပိုသယ်ဆောင်ပြီး အများစုဟာ မြစ်ဝကျွန်းပေါ်ဒေသ မရောက်မီ အနည်ကျလို့ မြစ်ရေတိမ်စေပါတယ်။

အနည်အနှစ်တွေကို ဖယ်တာဟာ မြစ်ရေလမ်းကြောင်းကို ပွင့်နေစေဖို့ အရေးကြီးတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

မြစ်ဝါမြစ်ထဲက အနည်တွေ ဖယ်ချိန်မှာ မြစ်အလယ်ပိုင်းက အဓိက ရေလှောင်ကန်ကြီး ၃ ခုဖြစ်တဲ့ ဝမ်ကျားချိုင်၊ စန်မန်းရှားနဲ့ ရှောင်လန်းတိ တို့ဟာ မြစ်ထဲက အနည်တွေကို ဆေးဖို့ ရေတွေကို ညှိနှိုင်း ဖောက်ချမှာ ဖြစ်ပါတယ်။

“ပင်မမြစ်ကြောင်းနဲ့ မြစ်လက်တက် ရေလှောင်ကန်တွေ နှစ်ခုစလုံးမှာ စည်းမျဥ်းစည်းကမ်းတွေ ညှိနှိုင်းခြင်းအားဖြင့် မြစ်အောက်ပိုင်း ရေစီးဆင်းနိုင်စွမ်းကို ထိန်းသိမ်းဖို့၊ ရေလှောင်ကန်တွေမှာ အနည်တွေစုပုံခြင်းကို လျှော့ချဖို့နဲ့ မြစ်ဝါမြစ်အောက်ပိုင်းက ဂေဟဗေဒ အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်တယ်” လို့ မြစ်ဝါမြစ် ထိန်သိမ်းစောင့်ရှောက်ရေး ကော်မရှင်က တာဝန်ရှိသူ ရန်ဝေက ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြစ်ဝါမြစ်ကနေ အနည်အနှစ် တန်ချိန် ၃ ဒသမ ၅ ဘီလီယံကို ပင်လယ်ထဲ ၂၉ ကြိမ် စွန့်ထုတ်ခဲ့ပါတယ်။

ဒီကြိုးပမ်းချက်တွေဟာ မြစ်ရဲ့ အဓိက မြစ်အောက်ပိုင်းကျဉ်းမြောင်းမှုကို နှေးကွေးစေပြီး မြစ်အောက်ပိုင်း ရေလျှံမှုနဲ့ မြစ်ရဲ့ ဂေဟစနစ်ကို သိသိသာသာ တိုးတက်စေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013