DVB Logo
Home
နိုင်ငံတကာ
အပစ်အခတ်ရပ်စဲကြောင်း အစ္စရေးနှင့် အီရန် ၂ နိုင်ငံစလုံး အတည်ပြု
DVB
·
June 24, 2025
အပစ်အခတ်ရပ်စဲကြောင်း အစ္စရေးနှင့် အီရန် ၂ နိုင်ငံစလုံး အတည်ပြု
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲမှု စတင်သက်ဝင်ပြီး ဖြစ်ကြောင်း ထပ်မံကြေညာခဲ့ပြီး “နှစ်နိုင်ငံလုံး မချိုးဖောက်ကြဖို့” ပါ မေတ္တာရပ်ခံခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲလိုက်ပြီဖြစ်ကြောင်း နှစ်နိုင်ငံစလုံးကလည်း အသီးသီး အတည်ပြုလိုက်ကြပြီ ဖြစ်ပါတယ်။

အစ္စရေးက တိုက်ခိုက်မှု ရပ်တန့်မယ်ဆိုရင် အီရန်ကလည်း ရပ်တန့်မယ်လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးက အစောပိုင်းမှာ တုံ့ပြန်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အီရန်က အစ္စရေးကို နောက်ဆုံးတချီ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့အပြီးမှာ အပစ်အခတ် ရပ်စဲလိုက်ပြီလို့ နိုင်ငံပိုင်သတင်းဌာနတခုဖြစ်တဲ့ SNN က ထုတ်ပြန်ပါတယ်။

အီရန်ဒုံးကျည် တလှိုင်းပြီးတလှိုင်း တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၄ ယောက်ထက်မနည်း သေဆုံးတယ်လို့ အစ္စရေးက အတည်ပြုပါတယ်။

အဲဒီနောက်မှာတော့ အီရန်အပေါ် တိုက်ခိုက်မှုရဲ့ ရည်မှန်းချက်တွေ အထမြောက် အောင်မြင်ပြီ ဖြစ်တဲ့အတွက် အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ပြီလို့ အစ္စရေးအစိုးရဘက်က ထုတ်ပြန်ပါတယ်။

နျူကလီးယားလက်နက်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေဆိုတဲ့ “ချက်ချင်းလက်ငင်း သက်ရောက်နိုင်တဲ့ ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုနှစ်ရပ်” ကို အီရန်ထံကနေ ဖယ်ရှားလိုက်နိုင်ပြီလို့ အစ္စရေးက ဆိုပါတယ်။

အီရန် စစ်ဘက်ခေါင်းဆောင်မှုအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပြီးဖြစ်သလို အီရန် ဗဟိုအစိုးရ ပစ်မှတ်အများအပြားကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ အစ္စရေးက ဆိုပါတယ်။

သမ္မတထရမ့်ပ်နဲ့ အမေရိကန်ပြည်ထောင်စုကို ကာကွယ်ရေးမှာ ပါဝင်ခဲ့မှု၊ အီရန် နျူကလီးယား ခြိမ်းခြောက်မှု အမြစ်ဖြတ်ရေးမှာ ပါဝင်မှုတွေအတွက် အစ္စရေးက ကျေးဇူးတင်ကြောင်းပါ ထုတ်ပြန်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013