DVB Logo
Home
နိုင်ငံတကာ
ကိုလံဘီယာတွင် ပြန်ပေးဆွဲခံရသည့် စစ်သား ၅၇ ဦးကို ကယ်ဆယ်
DVB
·
June 24, 2025
ကိုလံဘီယာတွင် ပြန်ပေးဆွဲခံရသည့် စစ်သား ၅၇ ဦးကို ကယ်ဆယ်
Donate to DVB

ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း ကောက်ကာပြည်နယ်မှာ လက်ဝဲပြောက်ကျား FARC သူပုန်တွေရဲ့ ဖိအားပေးမှုကြောင့် အရပ်သားတွေရဲ့ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကိုလံဘီယာစစ်သား ၅၇ ယောက်ကို ၂ ရက်အကြာမှာ စစ်တပ်နဲ့ ရဲတွေက ကယ်တင်နိုင်ခဲ့ပြီလို့ ကိုလံဘီယာစစ်တပ်က ဇွန် ၂၃ ရက်မှာ X လူမှုမီဒီယာမှာ ပြောထားပါတယ်။

“Operation Justice စစ်ဆင်ရေးက ပြီးပြည့်စုံတဲ့ ကယ်တင်မှုတခုဖြစ်ပြီး သေနတ်တချက်တောင် မဖောက်လိုက်ရဘူး” လို့ အမျိုးသားကာကွယ်ရေးဝန်ကြီး ပက်ဒရိုဆန်းချက်ဇ်က ပြောပါတယ်။

စစ်သား ၅၇ ယောက်ကို ရိုးရိုးရှင်းရှင်းပဲ ကယ်ဆယ်ခဲ့ပြီး ပြန်ပေးဆွဲမှုမှာ ပါဝင်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးခံထားရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်သားတွေကို ပြန်ပေးဆွဲတဲ့အထဲမှာ အရပ်သားအသွင် ဟန်ဆောင်ထားတဲ့ လျှို့ဝှက်အတိုက်အခံ အယောက် ၂၀၀ လောက် ရှိတယ်လို့လည်း ဆိုပါတယ်။

သူပုန်တွေရဲ့လွှမ်းမိုးမှု ဖိအားပေးမှုတွေကြောင့် အရပ်သားတွေက စစ်သားတွေကို ပြန်ပေးဆွဲမှုကိုလည်း ရှုတ်ချခဲ့ပြီး ရာဇ၀တ်ကောင်တွေက ပြည်သူတွေကို သတ်ပစ်နေတာကို ရပ်တန့်ပစ်ရမယ်လို့လည်း ပြောသွားပါတယ်။

တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါး မှောင်ခိုနယ်မြေဖြစ်တဲ့ ကောက်ကာပြည်နယ်ရှိ အယ်လ်-ပလာတယာ့ဒို ရွာအနီး လာ အာ့ကယမ်ဒါ ကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

လာ အာ့ကယမ်ဒါ ကျေးရွာဟာ ကိုကင်းထုတ်လုပ်မှုအတွက် အရေးပါတဲ့ဒေသဖြစ်ပြီး ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အဲဒီဒေသဟာ FARC ပြောက်ကျားအဖွဲ့ဟောင်းရဲ့ သဘောထားကွဲလွဲကာ ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပယ်ချခဲ့တဲ့အဖွဲ့ဖြစ်တဲ့ ကားလို့စ် ပါတီနိုရဲ့ အမာခံနယ်မြေဖြစ်ပြီး မော်ဒစ္စကိုက ဦးဆောင်သူဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီး ဆန်းချက်ဇ်က ပြောဆိုပါတယ်။

ကားလို့စ် ပါတီနို အဖွဲ့ဟာ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ပေးဆွဲမှုကို ကြိုးကိုင်စီစဉ်ပြီးတော့ အကျပ်ကိုင် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ကြောင်းလည်းဆိုပါတယ်။

အဲဒီအုပ်စုဟာ အစိုးရတပ်တွေ ရှိနေတာကို တွန်းလှန်ဖို့ အရွယ်မရောက်သေးသူ အရပ်သားတွေကို ဖိအားပေးနေတယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013